27 C
Yangon

တေးသံရှင် အေးချမ်းမေ 50 Milestones တော်လှန်မွေးနေ့တေးဂီတပွဲမှ ရရှိသော အကျိုးအမြတ်အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို မြန်မာပြည်တွင်းသို့ လှူဒါန်းမည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၈

တေးသံရှင် အေးချမ်းမေ၏ 50 Milestones တော်လှန်မွေးနေ့ One Lady Show တေးဂီတပွဲမှ ရရှိသော အကျိုးအမြတ်အားလုံးဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ သောင်းကျော်ကို မြန်မာပြည်တွင်းသို့ လှူဒါန်းမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

တေးဂီတပွဲတွင် ပန်းချီဆရာမ နုယဉ်ရေးဆွဲပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးသော ပုံတူပန်းချီကားကို လေလံဆွဲရာ အမေရိကန်ဒေါ်လာ ၃၆၀၀ ရရှိခဲ့ပြီး ပွဲလက်မှတ်ရောင်းရငွေ၊ အစားအသောက် ရောင်းချရငွေ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့မှ ရန်ပုံငွေ စုစုပေါင်း ဒေါ်လာ ၅သောင်းကျော်ရရှိပြီး ရရှိလာသည့် အကျိုးအမြတ်အားလုံးကို မြန်မာပြည်တွင်းသို့ ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း တေးဂီတဖျော်ဖြေပွဲစီစဉ်သူများက ပြောကြားသည်။

တေးသံရှင် အေးချမ်းမေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် တေးသီချင်းသီဆိုခွင့် တားမြစ်ပိတ်ပင်ခြင်းကို ခံခဲ့ရသည့် တေးသံရှင်တစ်ဦးဖြစ်သည်။

တေးသံရှင် အေးချမ်းမေ၏ One Lady Show တေးဂီတပွဲကို နိုဝင်ဘာလ ၂ ရက်နေ့ (စနေနေ့) တွင် အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ် Silver Spring မြို့မှာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၆၀၀ ကျော် တက်ရောက်အားပေးခဲ့သည်။ တေးဂီတဖျော်ဖြေပွဲတွင် တေးသံရှင် အေးချမ်းမေနှင့်အတူ တေးသံရှင်များဖြစ်သော ဖိုးဖန်၊ Cobra၊ ကျော်သီဟ၊ Leo၊ လင်းထက်၊ Russell၊ Solomon King၊ ရန်ရန်ချမ်းတို့က စုံတွဲသီဆို ပါဝင်ဖျော်ဖြေခဲ့ကြသည်။

ဓာတ်ပုံများ – Maryland Music Concert

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article