24 C
Yangon

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖက်ဒရယ်ပွဲတော်ပြုလုပ်မည်

Must read

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဖက်ဒရယ်ပွဲတော်ပြုလုပ်မည်

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ဂျပန်နိုင်ငံ တိုကျိုမြို့ Shinjuku မြို့နယ်၊Takadanobaba ရှိ Toyama ပန်းခြံတွင် “နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်အောင်ပွဲဆီသို့ ” ဆိုသည့် ကြွေးကြော်သံဖြင့် တတိယအကြိမ်မြောက် “ဖက်ဒရယ်ပွဲတော်”ကို နိုဝင်ဘာ ၁၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရန်ပုံငွေရှာဖွေပွဲမှ ရရှိလာမည့် အကျိုးအမြတ်များကို မြန်မာပြည်တွင်းရှိ စစ်ဘေးဒုက္ခကြုံတွေ့ခံစားနေရသော နေရာဒေသအသီးသီးသို့ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများ ၊တော်လှန်ရေးအင်အားစုများမှ တစ်ဆင့်အပြည့်အဝပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ခံတစ်ဦးဖြစ်သည့် ကိုသန့်ဇော်ထက်က ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားကဏ္ဍရိုးရာ ဖျော်ဖြေရေးအစီအစဉ်များ၊ အစားအစာများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ရရှိခံစားနိုင်မည့် ယဉ်ကျေးမှုပွဲတော်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article