25 C
Yangon

ကျောက်မဲတွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA က ဖမ်းဆီးပြီး အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးဟုဆို

Must read

ကျောက်မဲတွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA က ဖမ်းဆီးပြီး အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးကို TNLA ဖမ်းဆီးပြီး ရောင်းဝယ်သူများကို ဥပဒေဖြင့် အရေးယူကာ သုံးစွဲသူ ၃၂၀ ဦးကို အကျင့်စာရိတ္တ ပြုပြင်ရေးကျောင်းဖွင့်လှစ် ပြုပြင်ပေးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယခုနှစ် ဩဂုတ်လအတွင်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါး သုံးစွဲ ၃၂၀ ဦးကို ကျောက်မဲမြိုနယ်ရှိ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန)မှ မူးယစ်ဆေးဝါးသုံးစွဲသူ ၃၂၀ ဦးအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်လှစ်ပြီး ပြုပြင်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်မဲမြိုနယ်တွင် စစ်ကောင်စီတပ်ထိန်းချုပ်စဥ်က ၎င်းတို၏ခွင့်ပြုချက်ဖြင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့ကြောင်း၊ ထို့နောက် ကျောက်မဲမြိုအပါအဝင် တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့သည့် နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား လိုက်လံဖမ်းဆီးခဲ့ကာ ၃၂၀ ဦးအထိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပိုဆောင်ကာ ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်။

လက်ရှိ ကျောက်မဲတွင် မူးယစ်ဆေးဝါးကင်းစင်နယ်မြေဖြစ်လာပြီး TNLA က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးအတွက် လုပ်ငန်းစဉ် ၅ ရပ်ဖြင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article