28 C
Yangon

မင်းအောင်လှိုင်ကို သရော်ခဲ့သော ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုဖြင့် ဖမ်းဆီး အမှုဖွင့်ထားဟု စစ်ကောင်စီ ထုတ်ပြန်

Must read

မင်းအောင်လှိုင်ကို သရော်ခဲ့သော ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုဖြင့် ဖမ်းဆီး အမှုဖွင့်ထားဟု စစ်ကောင်စီ ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၁

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သရော်ခဲ့သော ငါးမင်းဆွေကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမှုဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်သော ငါးမင်းဆွေ Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ကျေးရွာနေ ငါးမင်းဆွေ(ခ) ဦးမင်းဆွေကို နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လှိုင်မြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူဆောင်ထားကြောင်း စစ်ကောင်စီက ဆိုသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်း ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက ကိုယ်တိုင် Live လွှင့်ပြောဆိုသွားခဲ့သည်။

ငါမင်းဆွေက လူမှုကွန်ရက်တွင် “ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ”ဟု စစ်ဝတ်စုံဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ မျက်နှာနေရာတွင် ၎င်း၏ မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်၍ လူမှုကွန်ရက်တွင် တင်ခဲ့သည့်အပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့” ၊“ကိုရည်မွန်က တဖြည်းဖြည်းနဲ့ နေပြည်တော်ကို ရောက်လာတော့မယ် အစ်ကိုလှိုင်”၊ “အစ်ကိုလှိုင်က တစ်ရုတ်က ပြန်လာ ရင်တော့ တစ်ကယ်ကြမ်းတော့မှာလို့ ယူဆမိပါတယ်” လူမှုကွန်ရက် ပို့စ်များကို မင်းအောင်လှိုင်ဓာတ်ပုံများကို ၎င်း၏မျက်နှာဖြင့် ဖြတ်ညှပ်ကပ်အစားထိုး၍ လူမှုကွန်ရက်တွင် အဆက်မပြတ် ပို့စ်များ တင်ခဲ့ခြင်းဖြစ်သည်။

ငါးမင်းဆွေသည် ခေတ်အဆက်ဆက် စစ်တပ်ထောက်ခံသူဖြစ်ပြီး ၂၀၁၈ ခုနှစ် NLD အစိုးရ အာဏာရရှိစဉ် ငါးမင်းဆွေက ၂၀၁၈ မေလ ၁၆ရက်နေ့က လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာ အမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားထားပြီး တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်ကြောင်း ရေးသားခဲ့သည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ အတွင်း ထိုသို့ ရေးသားခဲ့သည့်အတွက် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ငွေဒဏ် ၁ သိန်းကျခံစေရန် ရန်ကုန်အနှောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article