28 C
Yangon

ပခုက္ကူ၊ ဆင်မင်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိ

Must read

ပခုက္ကူ၊ ဆင်မင်းရွာ စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦး သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသော နယ်မြေအတွင်းကို လမ်းမှားဝင်ရောက်လာစဉ် ကင်းပုန်းစောင့်နေသော တော်လှန်ရေး ရဲဘော်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်ကောင်စီ တပ်သားထံမှ ကာဘိုင် အမျိုးအစား သေနတ် ၁ လက်၊ ကျည် ဘောက် ၃ ခု ၊ ကာဘိုင်ကျည် ၄၅ တောင့်၊ ကျည်ကာ ဝတ်စုံ ၁ ထည်၊ ဦးထုပ် ၁ လုံးနှင့် ဖုန်း ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

“၁၀ ရက်နေ့က ဖမ်းမိခဲ့တာ လက်ရှိတော့ သူ့ကို စစ်ဆေးနေဆဲပါ။ သူတို့ ဂျနီဗာကွန်းဗန်းရှင်း ဥပဒေ အညီ ထိန်းသိမ်းထားပါတယ်။ စစ်ဆေးပြီးရင်တော့ သက်ဆိုင်ရာ ဌာနကို လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယင်းနေ့တွင် ပခုက္ကူမြို့နယ်၊ ဂွေးချိုရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်း၊ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force ( PPDF ) နှင့်အတူ Young Force U.G တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article