25 C
Yangon

ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ

Must read

ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး ၁၇ ဦး အလင်းဝင်၊ စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၄ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၅၃ ဦးသေဆုံးပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီ တပ်သား ၁၇ ဦး အလင်းဝင်ရောက်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့ကြောင်း CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက်နေ့ အထိ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ် အပါအဝင် ဟားခါး -ထန်တလန်လမ်းပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး Mi 17 ရဟတ်ယာဉ် ၁ စီးကို အမြီးပိုင်း ပျက်စီးသည်အထိ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်သား ၅၃ ဦး သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေသော ရဲ ၁၃ နှင့် စစ်သား ၄ ဦး စုစုပေါင်း ၁၇ ဦး CDF – Hakha ထံ လက်နက်ချအလင်းဝင်ရောက်ခဲ့ပြီး စုစုပေါင်း လက်နက် ၄၃ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“ရဟတ်ယာဉ်ကိုတော့ ဟားခါးမှာ ပစ်တာ ဟားခါးမှာတော့ ပျက်မကျဘူး၊ ကလေးရောက်တော့ ပျက်သွားတယ်လို့ သတင်းရထားတာ ၄ လအတွင်း စစ်ပွဲတွေကအများကြီးပဲ ထန်တလန်မှာ လည်းရှိတယ်။ ဟားခါး -ထန်တလန်ကြားမှာ လည်းရှိတယ်။ ပြီးတော့လွတ်လပ်ရေး ကျောက်တိုင်တို့ သင်္ချိုင်းကုန်းတို့ ပြီးတော့ ဟားခါးမြို့ထဲကိုလည်း ဝင်နိုင်သလောက်တော့ဝင်တယ်။ ချင်းပြည်နယ် အစိုးရရုံးတို့ဘာတို့ပေါ့။ ကျနော်တို့ဝင်တာတွေအများကြီးပေါ့။ အခုထိလည်းတိုက်ပွဲတွေက ဖြစ်နေတုန်း ဖလမ်းလည်း လေယာဉ်နဲ့လာပစ်နေတာတွေရှိတယ်။ ထန်တလန်မှာလည်းရှိတယ်။ ထန်တလန်လည်း ကျနော်တို့ ချေမှုန်းနိုင်သလောက်ချေမှုန်းမယ်။ နေရာအစုံမှာဝန်းရံထားတယ်။ ကျနော်တို့ တက်နိုင်သလောက်တော့ တက်ထားတယ်။ ဟားခါးမြို့အတွင်း စစ်ဆင်ရေးဆင်နွှဲနိုင်အောင်လည်း ကြိုးစားနေတယ်။ ထန်တလန်နဲ့ဟားခါးကြားမှာက အတော်လေးဒုက္ခပေးနေတယ်။ အဲဒီကြားက စခန်းတွေကို အကုန်လုံးချေမှုန်းမယ်။ ပြီးမှ ဟားခါးကိုတက်မယ်လို့ ပြင်ဆင်ထားတယ်။ မကြာခဏလည်း စစ်ပွဲတွေဖြစ်နေတယ်” ဟု CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများက လက်နက် ၉ လက် ယူဆောင်လာပြီး ၆၀ မမ၊ MA-15 နှင့် M79 အပါအဝင် စုစုပေါင်း လက်နက် ၅၂ လက် ရရှိခဲ့ကြောင်း၊ ၈၂ ရက်ကာလအတွင်း ဟား ခါးမြို့မှ ထန်တလန်မြို့သို့ စစ်ကောင်စီ တပ်သားများ စစ်ကူသွားရောက် နိုင်ခြင်းမရှိစေရန် ပိတ်ဆို့ တားဆီးနိုင်ခဲ့ပြီး ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး အတွက်လည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“လက်နက်ချတဲ့သူတွေက ပြည်သူ့စစ်တွေက ပိုများတယ်။ တကယ့် စစ်တပ်ထဲဝင်တဲ့သူတွေတော့မရှိဘူး။ ကျနော်တို့ဆီမှာ CDM ဝင်ထားတဲ့သူတွေလည်း အများကြီးရှိတယ်။ ၁၁ ယောက်ကတော့ ပြည်သူ့စစ်တွေပေါ့။ သူတို့မေးကြည့်တော့ စစ်တပ်ထဲမှာ ဝင်ခိုင်းတုန်း က ဘာမှမသိဘဲ လိုက်သွားတယ်။ ကျနော်တို့ကို သင်တန်းတက်ခိုင်းတယ်။ ၃ လလောက်သင်တန်း တက်ပြီးတော့ ဟားခါးရောက် လာတာ ဟားခါးကိုလည်းမရောက်ဖူးဘူး။ အခုဟားခါးမှာ ၁၀၇ ဦး ပို့ထားတယ်။ ဟားခါးကိုလည်း ကျနော်တို့ ကြားတောင်မကြားဖူးဘူး လို့ပြောတယ်။ သူတို့ ၁၀၇ ဦးလုံး CDM တော့ လုပ်ချင်တယ် လုပ်မယ့် နေရာမသိလို့တော့ ပြောတယ်။” ဟု CDF – Hakha မှတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article