27 C
Yangon

မြစ်ခြေမြို့အပါအဝင် အနီးအနားကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၁၅ ဦးထက်မနည်းကို စစ် တပ်က သတ်ဖြတ်ထားပြီး မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀၀ ကျော်ဆုံးရှုံးနိုင်၊ ပြည်သူ ၈ သောင်းကျော် စစ်ဘေးရှောင်နေရ

Must read

ရန်ကုန်၊ မေ ၃၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အပါအဝင်အနီးအနားကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၁၅ ဦး ထက်မနည်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀၀၀ ကျော်ဆုံးရှုံးနိုင်ကာ ပြည်သူ ၈ သောင်းကျော်မှာလည်း စစ်ဘေးရှောင်နေရကြောင်း အညာမြေ တပ်ပေါင်းစုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

မေလ ၁၀ ရက်နေ့တွင် ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ၊ ညောင်ဦးမြို့နယ် အခြေစိုက် ခလရ – ၄၁၅ နှင့် အောင်သာရွာမှ ပျူစောထီးများ ပူးပေါင်းစစ်ကြောင်းသည် မြစ်ခြေမြို့ဘက်သို့ ဝင်ရောက် လာပြီး ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း လုပ်ဆောင်ခဲ့ကြောင်း၊ မေလ ၂၆ ရက်နေ့ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ က မြစ်ခြေမြို့ပေါ်ရှိ ပြည်သူပိုင်ဈေးဆိုင်ခန်း များကို ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူကာ ဈေးကို မီး ရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးထားပြီး လက်ရှိအချိန်အထိ မြစ်ခြေမြို့မဈေးကြီးတစ်ခုလုံးအပြင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိ မိုးနတ် ကုန်း၊ ဆွဲကြီး၊ ထနောင်းကုန်း၊ ရွာသာအေး၊ကြောင်ပန်းခုံ၊ဖိုလ်ကုန်း၊ ထနောင်းကုန်း ၊မကျီးကုန်း၊

ထန်းတောချောက် ၊ကူကျွန်း၊ လက်ပံပင်၊ ညောင်ပင်၊ နံဂါတ်စသည့် ကျေးရွာ/ရပ်ကွက် ပေါင်း ၁၁ ခု ထက်မနည်းကို နေ့ရောညပါ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဆုံးရှုံးသွားသည့် လူနေအိမ်ခြေပေါင်းမှာ ထောင် နှင့်ချီ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့မေလ ၃၁ ရက်နေ့ ယခုညနေပိုင်းအထိ မြစ်ခြေမြို့အနီးကပ်လျက်ရှိသည့် အိမ်ခြေ ၅၀၀ ကျော် ရှိသော ဆွဲကြီးကျေးရွာ၊ အိုင်ရှည်ကျေးရွာတို့ကို မီးရှို့နေပြီး ဆွဲကြီးကျေးရွာမှာ တစ်ရွာလုံးနီးပါး ကုန် သွားနိုင်ကြောင်း သိရသည်။

“မြစ်ခြေမြို့ကတော့ ကုန်သလောက်ဖြစ်သွားပြီ။ အနီးအနားပတ်ဝန်းကျင်က ရွာတွေပါ ကုန်သလော ဖြစ်တာ၊ အိမ်ခြေ ၁၀၀၀ ကျော်လောက်ကို မီးရှို့ပစ်လိုက်တာ။ ကျေးရွာပေါင်း ၃၀ ကျော်လောက်က လည်း စစ်ဘေးရှောင်နေကြရတယ်။ မြစ်ခြေမြို့က ကျေးရွာတွေနဲ့ တဆက်တည်းဖြစ်နေတော့ ပတ် ဒီနေ့ဆိုရင်လည်း အိုင်ရှည်ရွာကို မီးရှို့တယ်။ ပြီးတော့ ဆွဲကြီးရွာကို မီးရှို့တယ်။ အဲဒီရွာက အိမ်ခြေ ၅၀၀ လောက်ရှိတယ်။ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရတာ။ သတ်ဖြတ်ခံရတဲ့ ပြည်သူကတော့ ၁၅ ဦး လောက်ကတော့ အတည်ပြုနိုင်တယ်။ အဲဒီအထဲအထိဝင်လို့မရတော့ အရေအတွက် အတိအကျ အ တည်ပြုလို့မရသေးဘူး။” ဟု အညာမြေ တပ်ပေါင်းစုမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘို သန့်ဇင်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

စစ်ကောင်စီတပ်က ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းအပါအဝင် ပေါက်၊မြိုင်၊ယောဒေသတခုလုံးကို စား သောက်ကုန်နှင့် လူသုံး ကုန်များ သယ်ယူခွင့်ကို ဖြတ်လေးဖြတ် နည်းဖြင့် တင်းကျပ်စွာ ပိတ်ဆို့ ထားပြီး မြစ်ခြေမြို့ကို စီးနင်းနေခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အောင်သာပျူစောထီးရွာမှ စစ် ကားများဖြင့် လူအင်အားနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ကာ ဆက်လက်စစ်ကြောင်းထိုးလျက် ရှိကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုကြောင့် မြစ်ခြေမြို့ပေါ်နေ ပြည်သူများ အပါအဝင် အနီးနားရှိကျေးရွာပေါင်း ၃၀ ကျော်မှ ပြည်သူ ၈ သောင်းခန့် အထိ အိုးအိမ် စွန့်ခွာကာ တောတောင်များထဲ၌ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း၊ ယခု ရက်အတွင်း မိုးကလည်း ဆက်တိုက်ရွာနေပါသဖြင့် စစ်ရှောင်များမှာ စားဝတ်နေရေးအပြင် ကျန်းမာရေးပါ ဆိုးဝါးစွာကြုံ တွေ့နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article