ရန်ကုန်၊ နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်သာရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ၍ နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်ရက်နေ့ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီကြားအချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လာရောက်ဗုံးကျဲချသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။
“မြစ်သာရွာမှာက ကာကွယ်ရေးတပ်ဖွဲ့ အထိုင်စခန်းရှိပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာကျဲသွားတာပါ။ လူအသေအပျောက်တော့ မရှိဘူး”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်၏ ဗုံးကျဲချမှုကြောင့် ပြည်သူ့နေအိမ် ၂ လုံးပျက်စီးပြီး စာသင်ကျောင်းမှာမူ အလွန်ပျက်စီးသွားကြောင်း၊၊ ပြည်သူများမှာမူ လေယာဉ်သံကြားသည်နှင့် ထွက်ပြေးတိမ်းရှောင်သဖြင့် ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
“လေယာဥ်တွေလာသံကြားတာနဲ့ ပြည်သူတွေက ဘေးလွတ်ရာပြေးတော့ အားလုံးလွတ်မြောက်ကြပါတယ်။ တစ်စုံတစ်ရာထိခိုက်မှုမရှိပါဘူး” ဟုဒေသပြည်သူက ဆက်လက်ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက လက်ရှိတွင် မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုးမှုတချို့ရှိနေပြီး မြောင်မြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar