32 C
Yangon

ဆားလင်းကြီးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ကို စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ များဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဝင်းခိုင်ကို စစ်ကောင်စီက အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ ယင်းမာပင်ခရိုင်တရားရုံးက ဆားလင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အတွင်း ရေးမှူး ဦးဝင်းခိုင်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉၊ ပုဒ်မ ၅၂ (က)၊ ပုဒ်မ ၅၀ (ည) အပါအဝင် ပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် တစ်ပေါင်းတည်း ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်နှင့်ခြံဝင်းကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် စစ်တပ်က သိမ်းဆည်းခဲ့ကြောင်း၊ ဦးဝင်းခိုင်ကို စစ်တပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ၃ နှစ်နီးပါး အကြာတွင်မှ ထောင်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း ၅/ဆလက လူထုသပိတ်ဖော်ဆောင်ရေးကွန်ရက်က ပြောဆိုသည်။

ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံထားရသော ဦးဝင်းခိုင်မှာ မုံရွာထောင်တွင် ကျန်းမာရေးချို့တဲ့နေကြောင်း၊ စစ်ကြောရေးတွင် စစ်တပ်၏ ပြင်းထန်စွာ ရိုက်နှက်မေးမြန်းခံထားရသောကြောင့် အကြောပိုင်းဆိုင်ရာ ထိခိုက်မှုရောဂါဖြင့် ကျန်းမာရေး ဆိုးဝါးလျက်ရှိကြောင်း၊ ၎င်း၏ မိသားစုမှာလည်း ပြင်ပတွင် အလွန်ဒုက္ခရောက်နေကြကြောင်း သိရှီရသည်။

“ဇနီးနဲ့ သားနှစ်ယောက် ၊သမီးတစ်ယောက်ကျန်ရှိခဲ့တယ်။ မိသားစုဝင်တွေကလည်း ကျီးလန့်စာစားနဲ့ဘုန်းကြီးကျောင်းတွေနဲ့ မိတ်ဆွေများထံမှအကူအညီတောင်းနေထိုင်ရပ်တည်နေရပါတယ်။ ထောင်ဝင်စာပို့ဖို့လည်းခက်ခဲနေကြပါတယ်”ဟု ၅ /ဆလကလူထုသပိတ်စစ်ကြောင်းဖောင်ရေးကွန်ရက်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက ဆားလင်းကြီးမြို့နယ်အတွင်းတွင် ယခင်ထက်ပိုမို၍ စစ်ကူအင်အားများ ဖြည့်တင်းလာနေပြီး တရုတ်ကြေးနီစီမံကိန်းနှင့် ဆားလင်းကြီး မြို့ပေါ်တွင် စစ်ကောင်စီတပ်များ အများအပြား တပ်စွဲထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article