33 C
Yangon

ပုလဲမြို့သိမ်းတိုက်ပွဲတွင် AA ပါဝင်သည်ဆိုသော သတင်းမှားများနှင့် ကောလာ ဟလ ဖြန့်ချိနေမှုများက မြို့ခံပြည်သူများကို အန္တရာယ်တွင်းသို့ တွန်းပို့နေဟု BNRA သတိပေး ၊ ပြည်သူ ၁၀၀၀၀ နီးပါး စစ်ရှောင်နေရ

Must read

ပုလဲမြို့သိမ်းတိုက်ပွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် AA တပ်ရင်းပါဝင်သည်ဟုလည်းကောင်း၊ မြို့ကို သိမ်းပိုက်ရရှိပြီဟုလည်းကောင်း သတင်းမှားများ အပါ အဝင် ကောလာဟလ ဖြန့်ချိနေမှုများက ပုလဲမြို့ခံ ပြည်သူများကို အန္တရာယ်တွင်းသို့ တွန်းပို့နေကြောင်း ဗမာအမျိုသားတပ်မတော်- BNRA ၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ရဲဘော်မင်းရန်ဟန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှစတင်ပြီး BNRA အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုံက ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကိုစတင်တိုက်ခိုက်ခဲ့ကြောင်း ၊ သို့ရာတွင် စစ်ရေး မငြိမ်သက်မှုများရှိနေချိန် တော်လှန်ရေးတပ်များဘက်က သတင်းထုတ်ပြန်မှု မလုပ်ဆောင်ကြောင်း၊ သို့ရာတွင် ဆိုရှယ်မီဒီယာတွင် AA တပ်ရင်းတစ်ရင်းက မြို့သိမ်းတိုက်ပွဲတွင် ပါဝင်သည်ဟုလည်းကောင်း၊ အခြားသော အတည်မပြုနိုင်သော သတင်းများကို ဖြန့်ဝေနေကြကြောင်း၊ ယင်းသို့ သတင်းအမှားများ ဖြန့်ဝေခြင်းက ဒေသပြည်သူများအတွက် မလိုလားအပ်သော အန္တရာယ်များ ကျရောက်နိုင်သည့်အခြေအနေ ကြုံတွေ့နေရကြောင်း သိရှိရသည်။

“နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှာ မြို့တွင်းစစ်ဆင်ရေးတစ်ခုလုပ်နေ တာရှိပါတယ်။ အဲဒီအပေါ်မှာ လောလော ဆယ် စစ်ရေးငြိမ်သက်မှုမရှိသေးတဲ့အတွက် သတင်းထုတ် ပြန်တာမျိုးမရှိသေးပါဘူး။ သို့ပေမယ့်လည်း ဆိုရှယ်မီဒီယာတွေမှာ မြို့တွင်းစစ်ဆင်ရေးမှာ အာရက္ခ တပ်တော် -AA ရဲ့တပ်ရင်းတစ်ရင်းစာ အကူအညီနဲ့တိုက်ခိုက်နေတယ်ဆိုတဲ့ သတင်းအမှားတွေပေါ့၊ ဒီ သတင်းအမှားတွေကြောင့် ကျနော်တို့ပြည်သူတွေ မလိုလားအပ်တဲ့အန္တရာယ်ကျရောက်သွားနိုင်ပါ တယ်။ ဒါမျိုးမဖြစ်အောင်လို့ ကျနော်တို့အနေနဲ့ သတင်းမီဒီယာကို အကူအညီတောင်းခြင်းပါ။ သတင်းတည်ဆောက်လို့ရရင်တော့ သတင်းတင်ပေးစေချင်ပါတယ်” ဟု BNRA ပြန်ကြားရေးတာဝန်ခံ ရှင်းပြသည်။

လတ်တလော ပုလဲမြို့ပေါ်တွင် တိုက်ပွဲများဖြင့် စစ်ဆင်ရေး အခြေအနေများ တည်ငြိမ်မှုမရှိသေးကြောင်း၊ မီဒီယာများအနေဖြင့်လည်း သတင်းများကို သတင်းထုတ်ပြန်ချက်ကိုစောင့်ဆိုင်းကြရန် BNRA က မေတ္တာရပ်ခံသည်။

“လောလောဆယ်မြို့တွင်းစစ်ဆင်ရေးက စစ်ရေးအခြေအနေတည်ငြိမ်မှုမရှိသေးပါဘူး။ စစ်ရေး အခြေအနေ တည်ငြိမ်မှုမရှိတဲ့အခါကျရင်တော့ ကျနော်တို့အနေနဲ့ သတင်းထုတ်ပြန်ပါ့မယ်။ ဒါပေမယ့်လက်ရှိအချိန်မှာ သတင်းအမှားတွေကြောင့် ပြည်သူတွေ မလိုလားအပ်တဲ့ အန္တရာယ်တွေ ကြုံတွေ့ရမှာစိုးရိမ်တဲ့အတွက် မီဒီယာတွေကို အကူအညီတောင်းခံခြင်းဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲအတွင်း အိမ်ထောင်စု ၂၁၀၀ ကျော်မှ ပြည်သူ ၉၅၀၀ ကျော် စစ် ဘေးရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ထံမှ သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှစ၍ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း များကို ဗိုလ်နဂါးဦးဆောင်သော ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် -BNRA မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယင်းနေ့တွင် အကြမ်းဖက်စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ၅ ကြိမ်၊ ဗုံးသီး အလုံး ၂၀ ခန့် မြို့ပတ်ဝန်းကျင်ကို ကျဲချခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၃ ရက် နံနက် ၈ နာရီ ၂၂ မိနစ် တွင် လည်း ဗုံးသီး ၃ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက် နံနက် ပိုင်းကလည်း အကြမ်းဖက်စစ်ကောင်တပ် Mi 35 ဖြင့် ပုလဲမြို့ ပေါ်ကို ၁ နာရီခန့်ကြာသည်အထိ လှည်ပတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် လည်း တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ထပ်မံဗုံးကျဲပစ်ခတ်တိုက်ခိုက် ခဲ့ရာ ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲကြောင့် ပုလဲမြို့ပေါ်မှ အိမ်ထောင်စု ၆၂၄ စု ၊ အလယ်ဘုံရွာမှ အိမ်ထောင်စု ၁၆၂ စု ၊အေး ကုန်းရွာမှ အိမ်ထောင်စု ၁၂၆ စု၊ သာယာကုန်းရွာမှ အိမ်ထောင်စု ၆၄ စု၊ ချောင်းကန်ရွာမှ အိမ်ထောင် စု ၂၅၈ စု ၊ ကံကြီးရွာမှ အိမ်ထောင်စု ၁၀၂ စု၊ ညောင်ကန်ရွာမှ အိမ်ထောင်စု ၇၆ စု၊ ညောင်ကုန်းရွာမှ အိမ်ထောင်စု ၂၈၄ စု၊ မန်ကျီးခွရွာမှ အိမ်ထောင်စု ၉၆ စု၊ ဇောင်ချမ်းကုန်းရွာမှ အိမ်ထောင်စု ၁၀၈ စု ၊ မြကုန်းရွာမှ အိမ်ထောင်စု ၁၂၄ စု ၊ ရိုးရွာမှ အိမ်ထောင်စု ၉၆ စု တို့ တိမ်းရှောင်နေရပြီး စုစုပေါင်း အိမ် ထောင်စု ၂၁၂၀ စုမှ လူဦးရေ ၉၅၃၉ ဦး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ပြုလုပ် ရှိပြီး ပုလဲမြို့အနီးအနားမှ ကျေးရွာများ ထပ်မံတိမ်းရှောင်ရနိုင်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူ ဦးရေသည် လည်း ထပ်မံတိုးလာဖွယ်ရှိပြီး စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး များ လိုအပ်လျက်ရှိကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပုလဲမြို့တိုက်ပွဲအတွင်း ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article