33 C
Yangon

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ လနှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ညောင်လေးပင်ရှိ ကျေးရွာများကို စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး အသက် ၆ လနှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန် ၊ နိုဝင်ဘာ ၁၄

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး အသက် ၆ လ နှင့် ၈ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက လယ်ဒိုမြို့နယ်၊ ကျောက်ကုန်း ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၆ လအရွယ် မောင်လပြည့်ထွန်းနှင့် အသက် ၈ နှစ်အရွယ် မချစ်ဖူးဝေတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့နေထိုင်ရာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် ခလရ-၂၆၄ တပ်ရင်းက ဒရုန်းဖြင့် ဝမ်းချဲကျေးရွာအတွင်း ၁ လုံး၊ မက်စလီကုန်း ကျေးရွာအတွင်း ၁ လုံးနှင့် ကျောင်းကုန်း ကျေးရွာဘေးသို့ ၁ လုံး စုစုပေါင်း ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ည ၈ နာရီ ၅၀ မိနစ်ခန့်တွင် ကညှင်ကြိုးကျေးရွာရှိ ချိန်းကြောင်းတံတားကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ထပ်မံ ကျဲခဲ့ကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် မူးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၄၃၉ တပ်ရင်းက ဒရုန်းဖြင့် မျက်နီကွင်းကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ အသက် ၂၀ နှစ်အရွယ် နော်မူစေးဖိုး သေဆုံးခဲ့ပြီး အသက် ၆၀ နှစ်အရွယ် နော်ကြည်ဘော ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးလည်း ထိမှန် ပျက်စီးခဲ့ရကြောင်းသိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ဝ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ထွနီကုန်းကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် နော်ဝါးဝါးကို ထိခိုက် ဒဏ်ရာရရှိခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article