32 C
Yangon

ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီး ၃ ဦးကို သတ်ဖြတ်၍ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်၊ စစ်သားများ မီးရှို့ ဖျက်ဆီး မှုကြောင့် နေအိမ် ၁၈၇ လုံးပြာကျ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ နှောကုန်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီး ၃ ဦးကို သတ်ဖြတ်၍ ရုပ်အလောင်းများကို မီးရှို့ ဖျောက်ဖျက်ကာ စစ်သားများ မီးရှို့ ဖျက်ဆီး မှုကြောင့် နေအိမ် ၁၈၇ လုံးပြာကျခဲ့ကြောင်း ပခုက္ကူ ပကဖ မှ ရဲဘော်ရန်နောင် က ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် ပခုက္ကူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက နှောကုန်းရွာကို ဝင်ရောက်စီးနက်းပြီး ကျေးရွာနေပြည်သူ အမျိုးသမီး ၃ ဦး ကိုဖမ်းဆီးသတ်ဖြတ်၍ ရုပ်အလောင်းများကို မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီ တပ်သားများသည် ယင်းနေ့ နံနက် ၉ နာရီမှစ၍ ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၈၇ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ၉ နာရီ ဝန်းကျင်က စရှို့တာ စစ်ခွေး စစ်ကြောင်းက နံနက် အစောပိုင်း ၅ နာရီလောက်တည်းက ဝင်တာပါ။ အင်အား ၁၂ဝ လောက်ရှိတယ်။ နေအိမ် ၁၈၇ လုံး မီးရှို့ ဖျက်ဆီးခံရတယ်။ အမျိုးသမီး ၃ ဦးသတ်ဖြတ်ခံရတယ်။ အဖွားအရွယ် ၂ ဦး နဲ့ လူငယ် အမျိုးသမီး ၁ ဦး ရုပ်အလောင်းတွေကို စစ်ခွေးတွေက မီးရှို့ဖျောက်ဖျက်သွားတယ်။ မီးရှို့ခံ ၁၈၇ အိမ်တွေ အတွက် ဝိုင်းဝန်းထောက်ပံ့ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်။ ဆောင်းဦးရာသီဖြစ်နေတော့ ပြည်သူများအတွက် စားဝတ်နေရေး အပြင် စောင် အနွေးထည်တွေကိုပါ ဝိုင်းဝန်း ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်” ဟု ပခုက္ကူ ပကဖ မှ ရဲဘော်ရန်နောင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article