28 C
Yangon

စလင်းတွင် စစ်တပ် တပ်စွဲထားသော ဆုပ်လေဦး အထိုင်ကင်းစခန်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးဝန်းကျင်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၅

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က တပ်စွဲအထိုင်ချထားသော ဆုပ်လေ ဦး လမ်းဆုံအနီးရှိ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သေဆုံးမှုများပြားကာ သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန် ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ဆုပ်လေဦးလမ်းဆုံအနီးရှိ ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ထွက်ပြေးတဲ့ကောင်တွေက ထွက်ပြေးတယ်။ အလံဖြူထောင်တဲ့ ကောင်တွေက ထောင်တယ်။ ဖမ်းမိသူတွေတော့ မရှိဘူး။ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတာက ခွေးအလောင်း ၁ လောင်း တွေ့ခဲ့ရတယ်။ မျက်မြင် ပြည်သူတွေ ပြောတာကျတော့ ၉၊ ၁၀ လောင်း ရှိတယ်လို့ ပြောတယ်ဗျ”ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁တပ်ရင်းက ဦးဆောင်ကာမင်းဘူးခရိုင် အမှတ်၅ တပ်ရင်း၊မိုးကြိုးပျောက်ကြားတပ်ဖွဲ့၊ဒေါင်းစစ်အောင်(LPDF)တို့နှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article