34 C
Yangon

ဖြူးမြို့နယ်၊ စိုက်တန်းခင်ရွာနှင့် မြက်နီကွင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ဖြူးမြို့နယ်၊ စိုက်တန်းခင်ရွာနှင့် မြက်နီကွင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ စိုက်တန်းခင်ကျေးရွာနှင့် မြက်နီကွင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲကပြောဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ည ၇ နာရီခန့်တွင် ဖြူးမြို့နယ်၊ စိုက်တန်းခင်ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ခလရ ၄၃၉ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့် ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ဖြူးမြို့နယ် မြက်နီကွင်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးသီး ၃လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးမှာ သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် စစ်ရေးအရ ရှုံးနိမ့်၍ နယ်မြေ စိုးမိုးနိုင်စွမ်း မရှိသောကြောင့် အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article