24 C
Yangon

ရွှေကျင်ရှိ စစ်တပ်၏ ကွမ်းဆိပ်စခန်းနှင့် သံဆိပ်စခန်း အပါအဝင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရွှေကျင်ရှိ စစ်တပ်၏ ကွမ်းဆိပ်စခန်းနှင့် သံဆိပ်စခန်း အပါအဝင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန် ၊ နိုဝင်ဘာ ၁၆

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်၏ ကွမ်းဆိပ်စခန်းနှင့် သံဆိပ်စခန်း အပါအဝင် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာ ၅ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNLA Nighthawks အဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ရွှေကျင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ကွမ်းဆိပ်ဆေးရုံတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်သားများ၊ သံဆိပ် စစ်တပ်စခန်း၊ ကွမ်းဆိပ်စစ်တပ်စခန်း၊ ကျောက်တန်းကျေးရွာရှိ စစ်ကောင်စီတပ်သားများနှင့် အင်္ဂနီကျေးရွာရှိ ဆင်နှစ်ကောင်ဘုရားဝင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း KNLA Nighthawks အဖွဲ့က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ပူးပေါင်းတပ်ဖွဲ့နှင့်အတူ KNLA Nighthawks အဖွဲ့တို့က လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article