Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက ပြည်ပရောက် မြန်မာတွေကို စစ်မှုထမ်းဖို့ သူတို့ ဆင့်ခေါ်တဲ့အချိန် ပြန်မလာရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ပိတ်ပင်ပြီး ၊ ပြည်တွင်းပြန်ရောက်ရင် စစ်မှု ထမ်း ဥပဒေနဲ့ ထောင်ဒဏ်ချမှတ်မယ့်အပြင် ပြည်ပထွက်ခွင့်ပါ ရာသက်ပန် ပိတ်ပစ်ဖို့တွေကိုပါ ညွှန်ကြား ထားပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ုကုန်ခေတ်သစ်ကို ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက သူတို့ရဲ့ မှော်ဘီလေတပ် နဲ့ မိထ္တီလာလေတပ်စခန်းတွေ တိုက်ခိုက် ခံရမှုကြောင့်ဆိုပြီး တာဝန်ပေါ့ရော့မှုနဲ့ စစ်တပ်အရာရှိ ၅ ဦးကို စစ်ကောင်စီက သူ့လူအချင်းချင်း ပြန်ပြီး အရေးယူထားတယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပြောဆိုထားပါတယ်။
မန္တလေးတိုင်း ငါ့သရောက်မြို့နယ် နဲ့ ကျောက်ပန်းတောင်းမြို့နယ်က အုပ်ချုပ်ရေးမှူး အောင်စိုးနဲ့ စစ်တပ်ဒေါက်တိုင်အကြီးစား ကျော်မိုးဆိုသူတို့ ၂ ဦး ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ဦးလုံး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။