33 C
Yangon

ရွာငံမြို့အဝင်ရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက နဘန်းကြီးရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရွာငံမြို့အဝင်ရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက နဘန်းကြီးရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်၊ ရွာငံမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက နဘန်းကြီးရွာကို ပစ်ခတ် ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၂ ဦးကို ဖမ်းဆီးထားကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် ရွာငံမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မူးယစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ရဲမှူး အပါအဝင် ရဲ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွာငံမြို့အနီးရှိ နဘန်းကြီးရွာကို သေနတ်များ ပစ်ခတ်၍ ဝင်ရောက်စီးနင်းသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး ကျေးရွာအတွင်းမှ အမျိုးသမီး ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်ရှိချိန်ထိ ကျေးရွာအတွင်း သေနတ်များ ပစ်ဖောက်နေပြီး ကျေးရွာအစပ်ရှိ တောထဲကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက နဘန်းကြီးရွာကို အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပြီး ရွာထဲမှာ သေနတ်တွေ ဆက်တိုက် ပစ်ဖောက်နေတယ်။ ရွာအနောက်ဘက် တောစပ်ကိုလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်။ စစ်ခွေးတွေက အမျိုးသမီးငယ် ၁ ဦးနဲ့ မိခင် ဖြစ်သူကို ဖမ်းဆီးထားတယ်။ အခုထိ ပြန်မလွှတ်သေးဘူး။ တိုက်ခိုက်ခံရတဲ့ ရွာငံ အထွက်ဂိတ်က နဘန်းကြီးနဲ့ဆို ၄ မိုင်လောက်ပဲ ဝေးတယ်။ အခုက နဘန်းကြီးကိုလာပြီး ရမ်းကားနေကြတာ ရွာသားတွေလည်း ဘေးလွတ်ရာရှောင်နေကြရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွာထဲကို ကားများဖြင့် လှည့်ပတ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်နေပြီး လက်ရှိချိန်ထိ ရွာထဲ၌ တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article