30 C
Yangon

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာ ၃ ခုကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဂန့်ဂေါမြို့ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စိန်ဒူးကျေးရွာ၊ ဇဟောကျေးရွာနှင့် ရွာစည်ရွာတောင်ဘက်ကို လက်နက်ကြီးဖြင့် ၁၀ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည် တချို့သည် ဇဟောကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးထိတာ ထိတဲ့ ၅ ဦးထဲမှာ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ စိန်ဒူးကျေးရွာကတော့ နေအိမ်ပေါ်တည့်တည့်မှန်တာ လူတွေမရှိလို့သာ ရှိရင်အကုန်သေမှာ စိန်ဒူးတို့၊ လာပို့တို့၊ ရွာစည် တို့တွေက လက်နက်ကြီးဒဏ် အခံရဆုံးရွာတွေပေါ့။ သနားစာရာ သိပ်ကောင်းတယ်။ သူတို့လည်း နေချင်လွန်းလို့တော့ ဘယ်ဟုတ်မလဲ။ လုပ်ကိုင်စားသောက်စရာတွေက ရွာနားမှာဆိုတော့ ပြေးလိုက် နေလိုက်နဲ့ ထိခိုက်တာပေါ့” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဂန့်ဂေါမြို့ပေါ်မှလွဲပြီး နယ်မြေ စိုးမိုးနိုင်ခြင်းမရှိတောသည့် မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း၊ စစ်တပ်၏ လက်နက်ကြီး အန္တရာယ်ကြောင့် ဂန့်ဂေါမြို့ ၅ မိုင်ပတ်လည်ရှိ ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာ တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဇဟောကျေးရွာမှ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပျူစောထီးကျေးရွာများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး၊ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Photo – ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ဇဟောကျေးရွာက နေအိမ်တစ်လုံး။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article