28 C
Yangon

မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ်

Must read

မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ်

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး၏ နာမည်များ ရရှိပြီး အားလုံးကို ယနေ့ ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေ ဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ၁၃ နှစ်အောက်အရွယ် ကလေး ၇ ဦး နှင့် အသက် ၃၀ ကျော် ပြည်သူ ၂ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦးမှာ-

၁-ဦးလဇွမ်လွမ်းဝါ (အသက် ၃၆ နှစ်)

၂- ဆရာမ ဂျာမွန်းမိုင် (အသက် ၃၆ နှစ်)

၃-မောင်လဇွမ်မျိုးဂျတ်အောင် (အသက် ၁၃ နှစ်)

၄-မလဇွမ် ဆာရာဆိုင်း (အသက် ၁၁နှစ်)

၅-မလဇွမ် မေဆိုင်းပန် (အသက် ၇ နှစ်)

၆-မောင်လဇွမ် ဆန်ဇောင်လီ (အသက် ၄နှစ်)

၇-မောင် ဂေါ်လူ ဂွမ်ဆိုင်းမော် (အသက် ၄နှစ်)

၈-မလရှီးစောမ်ဆန် (အသက် ၁၀ နှစ်)

၉-မောင် ဆွမ်လွတ် မုန်ထွယ်အောင် (အသက် ၁၁နှစ်) တို့ဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ပြည်သူများနှင်ကလေးများမှာ မိုးမောက်မြို့နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများ ထွက် ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး KBC ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခိုလှုံနေစဉ် စစ်တပ်က ဘုရားကျောင်းပေါ်သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article