အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက Airbus! stop investing in War Crimes ခေါင်းစဥ်နှင့် သပိတ်လှုပ်ရှားပြုလုပ်
ယင်းမာပင်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းက ပြည်သူများအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်အတွက် ဖက်ဆစ်တပ်ကို လေယာဉ်၊လေယာဉ်ဆီ၊ လေယာဉ်အပိုပစ္စည်း၊ လေကြောင်းနည်းပညာများ ပံ့ပိုးကူညီပေးနေတဲ့ တရုတ်ပိုင် AVID ကုမ္ပဏီနှင့် AVIDရဲ့ အဓိကရင်းနှီးမြှပ်နှံသူဖြစ်တဲ့ ဥရောပအခြေစိုက် Airbusလုပ်ငန်းစုကို ကန့်ကွက်ကြောင်း “Airbus! stop investing in War Crimes” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။






