ရွှေဘိုမြို့နယ်တွင် Airbus! stop investing in War Crimes ခေါင်းစဥ်နှင့် သပိတ်လှုပ်ရှားပြုလုပ်
ရွှေဘိုမြို့နယ်တွင် ပြည်သူများအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြများပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်ပေးရန် အတွက် ဖက်ဆစ်တပ်ကို လေယာဉ်၊လေယာဉ်ဆီ၊ လေယာဉ်အပိုပစ္စည်း၊ လေကြောင်းနည်းပညာများ ပံ့ပိုးကူညီပေးနေသည့် တရုတ်ပိုင် AVID ကုမ္ပဏီနှင့် AVID ၏ အဓိကရင်းနှီးမြှပ်နှံသူဖြစ်တဲ့ ဥရောပအခြေစိုက် Airbusလုပ်ငန်းစုကို ကန့်ကွက်ကြောင်း “Airbus! stop investing in War Crimes” စာသားကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။