24 C
Yangon

တန့်ဆည်နှင့် ရေဦး ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ခပေါင်းကြိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး၍ စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေ

Must read

တန့်ဆည်နှင့် ရေဦး ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ခပေါင်းကြိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး၍ စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နှင့် ရေဦးမြို့နယ် ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ခပေါင်းကြိုင်ရွာကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၈ ရွာကို မီးရှို့ဖျက်ဆီး၍ စစ်ရှောင်ပြည်သူများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုင်ဝင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၅၀ ပါစစ်ကြောင်းနှင့် ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ ပါ စစ်ကြောင်းသည် ကျေးရွာများကို ဆက်တိုက် စီးနင်းမီးရှို့နေပြီး လက်ရှိချိန်ထိ ကျေးရွာ ၈ ရွာ မီးရှို့ဖျက်ဆီးခံထားရကြောင်း သိရသည်။

တန့်ဆည်မြို့အတွင်း စစ်ကြောင်းထိုးနေသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့က ခပေါင်းကြိုင်ရွာကို ဝင်ရောက် စီးနင်းစဉ် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းတွင် တနယ်ရွာကို စီးနင်း ဝင်ရောက် မီးရှို့ပြီး တပ်စွဲထားကြောင်း သိရှိရသည်။

အလားတူ ရေဦးနှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အင်အား ၁၈၀ ခန့်ပါစစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းမှစ၍ ကလဇင်ရွာ၊ တပ်သစ်ရွာ၊ ရွာဗုကြီးရွာ၊ ကြို့ထိမ်းရွာ၊ ဆီဆုံရွာနှင့် မုံတိုင်ပင်ရွာကို ဆက်တိုက် ဝင်ရောက်စီးနင်းနေပြီး စစ်ဘေးရှောင် ပြည်သူများ တိမ်းရှောင်နေသော ကျေးရွာများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

“ခွေး စစ်ကြောင်းက အခုချိန်ထိ မုံတိုင်ပင်ရွာကို ရှို့နေကြတယ်။ မုံတိုင်ပင်ရွာဘက်ကနေ တိုက်ခိုက်ရေး ဒရုန်း ၂ စီးနဲ့ ပန်းကုံး၊ ဗိုလ်ရုံ စစ်ရှောင်တွေရှိတဲ့ ဘက်တွေအထိ ဗုံးကျဲ လိုက်လံ တိုက်ခိုက်နေတယ်။ စစ်ရှောင်ပြည်သူ အသက်ကြီးပိုင်း ၁ ဦးလည်း ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရတယ်။ စစ်ကြောင်းနဲ့ဝေးတဲ့ရွာတွေကအစ ဒရုန်းနဲ့ ဗုံးကျဲနေလို့ စစ်ရှောင်ပြည်သူတွေ ထပ်ပြီး ပြေးနေရတယ်။ မုံတိုင်ပင်ရွာကို မီးရှို့နေတဲ့ စစ်ကြောင်းက တန့်ဆည်နယ် အရှေ့ခြမ်း တပ်သစ်ရွာဘက်ကို တစ်ဖွဲ့ခွဲထွက်ပြီး တပ်သစ်ရွာကိုလည်း ၂ နာရီဝန်းကျင်လောက်က မီးရှို့တယ်။ မနေ့က တန့်ဆည်နယ် တောင်ဘက်ခြမ်း ခပေါင်းကြိုင်ရွာကို မီးရှို့ခဲ့တဲ့ အင်အား ၅၀ ပါ စစ်ကြောင်းကတော့ ဒီနေ့ ညနေ တနယ်ရွာကို မီးဝင်ရှို့ တပ်စွဲထားတယ်။ အဲခွေးစစ်ကြောင်းက ခပေါင်းကြိုင်ရွာက စစ်ရှောင်ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကြားသိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြား ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Photo – ဒရုန်း တိုက်ခိုက်ရေး လေ့ကျင့်မှု ပြုလုပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article