31 C
Yangon

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေး၊ ကွတ်ခိုင်မြို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ဦးသေပြီး နေအိမ် ၈ လုံးပျက်စီး

Must read

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေး၊ ကွတ်ခိုင်မြို့ လေယာဉ်ဖြင့် ဗုံးကျဲမှု ၃ ဦးသေပြီး နေအိမ် ၈ လုံးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိရန်၊ လူစုလူဝေးမပြုလုပ်ရန်နှင့် လေကြောင်းရန် ကာ ကွယ်ရေး လိုက်နာဆောင်ရွက်ကြရန် TNLAက ထပ်မံသတိပေးသည်။

စစ်ကောင်စီတပ်က လေကြောင်းကိုအသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်ပြီး ဗုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ရကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်သည်။

ယမန်နေ့ညသန်းခေါင်ယံအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီ ၄၇ မိနစ်အချိန် ကွတ်ခိုင်မြို ရပ်ကွက် ၄ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ၂ ဦး သေဆုံးသွားခဲ့ကြောင်း၊ ထို့ပြင် အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၈)လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၁၇ ရက်နေ့တွင်လည်း မိုင်းငေါ့မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကျဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နိုဝင်ဘာ ၁ ရက်နေ့လည်း ကွတ်ခိုင်မြို့ ရပ်ကွက် ၂ တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၈ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article