25 C
Yangon

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသည်တင် ကားကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

Must read

ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် ခရီးသည်တင် ကားကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲမှု သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်း ဖက် စစ်တပ်က ခရီးသည်တင် ကား ၁ စီးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်နှင့် နံနက် ၈ နာရီ ၂၀ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်း၊ ဇီးကုန်း သကြားစက်တွင် အထိုင်ချထားသော စစ်တပ်က ခရီးသည်တင်ကား ၁ စီးကို ဒရုန်းဖြင့် ၈၁ မမ ဗုံး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ဒရုန်းဖြင့် ဗုံးကျဲ မှုကြောင့် ငွေတိုးမန်း ခရီးသည်တင် ကားပေါ်တွင် လိုက်ပါလာသည့် သံဃာတော် ၁ ပါး၊ အမျိုးသား ၂ ဦးနှင့် အမျိုး သမီး ၁ ဦး စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေရပ်လိပ်စာနှင့် အမည်များကို ဆက်လက် စုံစမ်းနေကြောင်း သိရှိရသည်။

“ဘာတိုက်ပွဲမှ မရှိပါဘူး။ အဲလမ်းကြောပေါ်မှာ ကားခဏ ရပ်ပြီး နားနေတာကို စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးကျဲသွားတာ ကားထဲပါလာတဲ့ ပြည်သူတွေ ထိမှန်သေ ဆုံးတာ။ ၁၀ ဦးတော့ ထိခိုက်ဒဏ်ရာရထားတယ်။ သံဃာတော် ၁ ပါးနဲ့ ပြည်သူ ၃ ဦးကတော့ သေဆုံးသွားပြီလို့ သိရတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ပြည်သူပိုင် နေအိမ်များကို စစ်ကြောင်းထိုး မီးရှို့ပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ ရွာများကို ပစ်မှတ်ထားပြီး ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ ပျူစောထီး သင်တန်းတက်ရန် ပြည်သူများကို အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကို နိုဝင်ဘာလ အတွင်း ဆက်လက် လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ကောင် စီ တပ်သားများ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူ ၁၃၀ ခန့်ကိုလည်း ယနေ့အချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာနှင့် ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာ၊ လိပ်ဆင်းတောင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် အကြောင်း မဲ့ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာကုန်းကြီးရွာမှ နေအိမ် ၃ လုံး မီး လောင် ပျက်ဆီးပြီး လိပ်ဆင်းတောင်ရွာမှ နေအိမ် ၆ လုံး၊ ကားဝပ်ရှော့မှ ကား ၈ စီးနှင့် ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ပြီး ခပေါင်းရုံရွာမှာ ဦးမောင်နိုင် ဗုံးစထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article