33 C
Yangon

မင်းကွန်းမြို့၊ မြသိန်းတန်ဘုရားတွင် စစ်တပ်က တပ်စွဲပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်းများ လုပ်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်း မင်းကွန်းမြို့၊ မြသိန်းတန်ဘုရားတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲကာ အထက်ပိုင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ပြည်သူများကို ဖမ်းဆီးညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်းများ လုပ်ဆောင် နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီတပ်များက မင်းကွန်း၊ မြသိန်းတန်ဘုရားတွင် ယခုနှစ် ဇူလိုင်လကတည်းက တပ်စွဲခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် တစ်ကြိမ် တပ်ချိန်းခြင်း၊ အင်အားတိုးခြင်းများ လုပ်ဆောင်ကြောင်း၊ ပြည်သူများကို PDF ဟုစွပ်စွဲပြီး ဖမ်းဆီး ရိုက်နှက်ညှဉ်းပန်းခြင်း၊ ငွေညှစ်ခြင်းများကိုလည်း မကြာခဏ ပြောင်းလဲလေ့ရှိသည့် စစ်ကောင်စီတပ်များက လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။

“တပ်စွဲထားတာ ၇ လပိုင်း ကတည်းကပါ။ တစ်လတစ်ခါ လူချိန်းပြီး အင်အားတိုးပါတယ်။ ၁၇ ရက်နေ့က အင်အားထပ်တိုးပါတယ်။

‌ပြည် သူ တွေကို PDF ဆိုပြီး လူဖမ်းတယ်။ ငွေညှစ်တယ်။ မသင်္ကာရင် ဖမ်းပြီး ရိုက်နှက်ပါတယ်” ဟု မင်းကွန်းမှ ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များအကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲများလည်းဖြစ်ပွားလျက်ရှိကြောင်း၊ အကြမ်းဖက်စစ်သားများ ၎င်းတို့တပ်စွဲရာနေရာ အနီးသို့ ရောက်ရှိလာသည့် ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်း လုပ်ဆောင်ကြောင်း၊ ညပိုင်းတွင် တပ်စွဲရာနေရာနှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူပိုင်နေအိမ်များမှ ပစ္စည်းများကို ခိုးယူခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ခု မင်းကွန်းမှာ စစ်အုပ်စုနဲ ပျူတွေ ကြီးစိုးနေပါတယ်။ ဝီရသူလည်း မင်းကွန်းရောက်နေတယ်။ ဘုရားတွေလည်း အကန့်သတ်မရှိ ပိတ်လိုက်ထားတယ်။ ဘုရားဖူးလာမယ့် ပြည်သူတွေလည်း သတိရှိဖို့ နှိုးဆော်တာပါ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် မင်းကွန်းဒေသ၊ မြသိန်းတန်ဘုရားအနီးဝန်းကျင်သို့ ဖြတ်သန်းသွားလာသော ပြည်သူတချို့ကိုလည်း လိုက်လံ ပစ်ခတ်မှုများ လုပ် ဆောင်သဖြင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း၊ မြသိန်းတန်ဘုရားဝင်းကို အခြေပြု တပ်စွဲ၍ အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ၊ ပစ္စည်းများ ဖောက်ထွင်းလုယက်မှုများကိုလည်း မကြာခဏ ကျူးလွန်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်တပ် တပ်စွဲရာ မြသိန်းတန်းဘုရားဝင်းအနီးတွင် ခိုအောင်းနိုင်သော ခြုံနွယ်များ မရှိစေရန် ရှင်းလင်းရေးလုပ်နေသည့် အကြမ်းဖက်စစ်သားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်တပ် တပ်စွဲရာ မြသိန်းတန်းဘုရားဝင်းအနီးတွင် ခိုအောင်းနိုင်သော ခြုံနွယ်များ မရှိစေရန် ရှင်းလင်းရေးလုပ်နေသည့် အကြမ်းဖက်စစ်သားများ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article