30 C
Yangon

နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းရွာ သကြားစက်ရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းရွာ သကြားစက်ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းရွာ သကြားစက်ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သကြားစက်ရုံပေါ် ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ဂိုဒေါင် ၁ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ဗုံးကျဲတာ သကြားစက်ရုံ အမှတ် ၃ နားကိုကျတယ်။ ဂိုဒေါင် ၁ လုံးပျက်ဆီးသွားပြီးတော့ ပြည်သူ ၁ ဦး သေဆုံးတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း အသုံးပြုပြီး နေ့စဥ်ရက်ဆက် ပြည်သူများကို ဦးတည်၍ ဗုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်သေဆုံးမှုရှိသည့်အပြင် ပြည်သူပိုင်နေအိမ်များလည်း ထိခိုက်ပျက်စီးရှုးဆုံးခဲ့ကြောင်း၊ ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန်လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေးထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA က သတိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article