26 C
Yangon

ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကိုင်းလယ်ရဲစခန်း အပါအဝင် စစ်သားများ တပ်စွဲထားသော နေရာ ၃ ခုကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၃၀၀ ကျော် ကျဲချ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့မှ စပြီး ၁၁ ရက်နေ့ အထိ ပေါက်မြို့နယ်၊ ကိုင်းလယ်ရဲစခန်းကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့_ပေါက်-ပကဖက Drone ၆ စီး ဖြင့် ဗုံးသီး အလုံး ၂ဝဝ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နိုဝင်ဘာလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်နေ့တွင် ပေါက်မြို့နယ် ယာကြီးပြင် ပျူစောထီးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်များ၊ ဘန်ကာများနှင့် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၁၀၀ မမ၊ ၆၀ မမ ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၆ ရက်နှင့် ၁၈ ရက်နေ့တို့တွင် ဒီးဒုတ်ကွင်း ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၉၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်၊ ပခုက္ကူ ခရိုင် အမှတ် ၅ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က အပစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက် သတ်ဖြတ်တာတွေအပြင် အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းနဲ့ တိုက်ခိုက်တာတွေ အတွက် လက်တုန့်ပြန် တိုက်ခိုက်ခြင်း ဖြစ်ပါတယ်” ဟု ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ကိုစစ်မုန်းက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article