33 C
Yangon

ရန်ကုန်၊ မင်္ဂလာဒုံ မြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိပြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်

Must read

ရန်ကုန်၊ မင်္ဂလာဒုံ မြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိပြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံမြို့မ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိပြီး လက်နက်ငဉ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း DARK SHADO တပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၆ နာရီ ၅၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင် လမ်းခွဲနှင့် ပြည်လမ်းထောင့်ရှိ မင်္ဂလာဒုံမြို့မ ရဲတပ်ဖွဲ့စခန်းကို Dark Shadow တပ်ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း ရဲများထိခိုက်မှုရှိပြီး အခြေအနေအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း DARK SHADO တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ရဲတွေ ထိခိုက်မှုရှိနိုင်တယ်။ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကတော့ လက်နက်ငယ်နဲ့ ၅ ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့တယ်။ အနီးအနားမှာ လုံခြုံရေး တပ်တွေ တပ်လှန့်ခံရလို့ လုံခြုံရေး တင်းကြပ်စွာ စစ်ဆေးနေရင်းမှ ဘေးကင်းစွာပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု DARK SHADO တပ်ဖွဲ့ တာဝန်ခံက ပြောဆိုသည်။

ပြည်သူများကို နေ့စဉ် ဒုက္ခပေးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို DARK SHADO ရဲဘော်များအနေဖြင့် ရရာနေရာမှ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနှင့် နောက်လာမည့် ပစ်မှတ်များကိုလည်း ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော နေရာများ၊ ရဲများ၊ စစ်သားများနှင့် ပျူစောထီးများ၊ အရပ်ဝတ် စစ်ကောင်စီ တပ်သားများ စုဝေးရာ နေရာများကို မသွားကြရန် နှင့် ဝေးဝေးမှ ရှောင်ရှားသွားလာ ပေးကြပါရန် မေတ္တာရပ်ခံကြောင်း DARK SHADO တပ်ဖွဲ့ တာဝန်ခံက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article