33 C
Yangon

ပုတီးကုန်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စုဆောင်းနေသော ရာအိမ်အိမ်မှူး ဌေးလွင် ပစ်ခတ်ခံရပြီးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်း၊ ပုတီးကုန်းမြို့နယ်တွင် စစ်တပ်အတွက် စစ်မှုထမ်း တပ်သားသစ်များ စုဆောင်းပေးနေသော ရာအိမ်အိမ်မှူး ဌေးလွင် ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်အချိန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ နှင့် ၃၆၀၂ တပ်ရင်း တပ်ခွဲ ၄ တို့ ပူးပေါင်းပြီး ရင်းတိုက်ကွင်းရွာရှိ ပျူစောထီး ခေါင်းဆောင် ရာအိမ်မှူး ဌေးလွင် နေအိမ်ကို ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ ဦးခေါင်းနှင့် ဂျိုင်းအောက်ကို ကျည်ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဌေးလွင်သည် ပုတီးကုန်းမြို့ရဲစခန်းမှ စစ်ကောင်စီ တပ်သားများကို ၂ လုံး၊ ၃ လုံး လိုင်းကြေးများ ကောက်ခံပေးခြင်း၊ အရက်ပုန်းရောင်းစားသူများထံမှလည်း လစဥ်ကြေးများ ကောက်ခံပေးခြင်း၊ ပုတီးကုန်းမြို့အတွင်း တပ်စွဲနေထိုင်ကြသော စစ်သားများနှင့် ပူးပေါင်းပြီး သပြေလှ အုပ်စုအတွင်း ပြည်သူများကို ဖမ်းဆီးငွေညှစ်ခြင်း၊ အတင်း အဓမ္မစစ်မှုထမ်း စုဆောင်းခြင်း၊၎င်းကိုယ်တိုင် ဦးဆောင်ပြီး ကျေးရွာအုပ်စုအတွင်း ဆင်းရဲနွမ်းပါသော ပြည်သူများကို မဲပေါက်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်ပေးခြင်းနှင့်အတူ သပြေလှအုပ်စုအတွင်းရှိပြည်သူများကို အနိမ့်ဆုံး ၁ အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀ ကျပ် လိုက်လံကောက်ခံပြီး မပေးသည့် နေအိမ်များကို စစ်သားများနှင့် ခြောက်လှန့်တောင်းခံခြင်းများ လုပ်ဆောင်နေသည့် အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ရှင်းပြသည်။

အလားတူ အကြမ်းဖက် စစ်ကောင်စီ နှင့် ပူးပေါင်းပြီး စစ်ကောင်စီ အလိုကျ လုပ်ဆောင်ပေးနေသော ထွေအုပ်စာရေးများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် သတင်းပေးလမ်းပြများကို ပြတ်သားစွာ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ အမြန်ဆုံးနှုတ်ထွက်ကြရန် တိုက်တွန်းလိုကြောင်း သတင်းပြန်ကြားတာဝန်ခံက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ – ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်ကောင်စီ လက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်ကောင်စီ လက်အောက်ခံ ရပ်/ကျေးအဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article