26 C
Yangon

ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် လက်နက်ကိုင်တပ်ဖွဲ့ ခေါ်ယူမည်ဖြစ်ပြီး Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများလည်း ပါဝင်မည်

Must read

ရခိုင်ပြည်၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် လက်နက်ကိုင်တပ်ဖွဲ့ ခေါ်ယူမည်ဖြစ်ပြီး Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများလည်း ပါဝင်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်နှင့် စစ်ကောင်စီ လုံခြုံရေး ပူးတွဲအဖွဲ့က ဆောင်ရွက်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ်လက်နက်ကိုင်တပ်ဖွဲ့ကို ခေါ်ယူမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်း ပတ်ဝန်းကျင်တွင် အဆင်မြင့် Jammer များ တပ်ဆင်ခြင်း၊ ထောက်လှမ်းရေး ဒရုန်းများ ချထားခြင်းနှင့် မိုင်းများ တပ်ဆင်ခြင်းများ လုပ်ဆောင်ရန်ရှိကြောင်း စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်ဖွဲ့စည်းထားရာ များမကြာမီ အထူစီးပွားရေးဇုန် စီမံကိန်းအတွက် လုံခြုံရေး အစီအမံများ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကျောက်ဖြူဇုန်မှာ လုံခြုံရေးနည်းပညာတွေ တပ်ဆင်ရုံမကပါဘူး စွမ်းအားမြှင့် Jammer တွေ တပ်ဆင်ဖို့၊ အဆင့်မြင့်ကင်းထောက် ဒရုန်းတွေ ဖြန့်ကျက်ဖို့နဲ့ စီမံကိန်း ပတ်ဝန်းကျင်ကို ကျူးကျော် ဝင်ရောက်မှုတွေ မလုပ်နိုင်အောင် ဖျက်အားပြင်းမိုင်းတွေ ထောင်ထားမှာ တွေလည်းပါဝင်ပါတယ်။ တရုတ်နိုင်ငံဘက်က လက်နက်ကိုင်တပ်ဖွဲ့ပါ ရောက်ရှိမှာဖြစ်ပါတယ်။ ရောက်ရှိမယ့် လက်နက်ကိုင်တပ်ဖွဲ့ လူဦးရေ တော့ မသိရသေးပါဘူး။ အဓိက စီမံကိန်း လုံခြုံရေးနဲ့ တရုတ်နိုင်ငံသား ပညာရှင်နဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို အဓိက တာဝန်ယူမှာဖြစ်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

ယခုနိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲ ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းနှင့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များပါ ပါဝင်နေခင်းဖြစ်သည်။

စစ်ကောင်စီနှင့် တရုတ် တို့အကြား အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေးအတွက် လုပ်ငန်းကော်မတီတရပ်ကိုတည်ထောင်ပြီးနောက် ကျောက်ဖြူစီမံကိန်းအတွက် စစ်ကောင်စီနှင့် တရုတ်ပူးပေါင်းထားသော လုံခြုံရေးအဖွဲ့ ဖုတ်ပူမီးတိုက် ဖွဲ့စည်းခဲ့ခြင်းဖြစသ်ည်။

ကျောက်ဖြူ စီးပွားရေးဇုန် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကျော်ရွှေထွန်းမှာ လက်ရှိတွင် တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးတာဝန်ကို ထမ်းဆောင်နေသော ရေတပ် ဗိုလ်ချုပ်တစ်ဦးလည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ၎င်းကို ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ၏ ဥက္ကဌအဖြစ် စစ်ကောင်စီက ခန့်အပ် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- တရုတ် ပုဂ္ဂလိက လက်နက်ကိုင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article