32 C
Yangon

သထုံတွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အောင်ဇော် အပါအဝင် ၃ ဦးသေဆုံး

Must read

သထုံတွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါသော စစ်ကားကို ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ကြပ်ကြီး အောင်ဇော် အပါအဝင် ၃ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် တပ်မိသားစု ကျောင်းကားအတွက် လုံခြုံရေးလိုက်ပါလာသော စစ်ကားကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် သထုံမြို့နယ်၊ သု၀ဏ္ဏ၀တီမြို့၊ သိမ်ဆိပ်ရပ်ကွက်၊ Denko ဆီဆိုင်ရှေ့တွင် စစ်တပ် မိသားစု ကျောင်းကားလုံခြုံရေးအဖြစ် လိုက်ပါလာသော စစ်သား ၅ ဦးပါ စစ်ကားကို KNLA တပ်ရင်း ၂ တပ်ခွဲ ၃၊ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ HRS ပူပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စစ်ကားကို ပစ်ခတ်တိုက်ခိုက်စဉ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကားမှာ မောင်းပြောင်းသွားခဲ့ကြောင်း၊ စစ်ကားမှ ယာဉ်မောင်းဖြစ်သူမှာ ရင်ဘတ်နှင့်ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာရ သေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရရှိသူများကို သထုံဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာ ပြင်းထန်သဖြင့် မော်လမြိုင်ဆေးရုံသို့ ထပ်မံ တင်ပို့စဉ် စစ်သား ၂ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကျောင်းအသွားမှာ ပစ်ခတ်မှုလုပ်ရင် ကျောင်းသားကျောင်းသူများအန္တရာယ်ဖြစ်မှာစိုးလို့ ကျောင်းပို့ပြီးအပြန်ခရီးမှာ ပစ်ခတ်တာပါ။ အခုဖြစ်စဉ်မှာ ယာဉ်မောင်း တပ်ကြပ်ကြီး အောင်ဇော် သေဆုံးပါတယ်။ နောက်ထပ် ၂ ဦးလည်း သေဆုံးပါတယ်” ဟု သထုံမြို့ပြ ပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

စစ်ကားပေါ်မှ ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး HRS တပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီးလည်း စစ်တပ်ပစ်ခတ်သော ကျည်ဆန်ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article