ဆားလင်းကြီးမြို့ပေါ်ရှိ စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံး အပါအဝင် နေရာ ၄ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း တောင်ပံနီအထူး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်မှ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်အချိန်အထိ ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ရဲစခန်း၊ မင်းကန်ကြီး၊ တာဝတိံသာနှင့် ထွေအုပ်ရုံးတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တပြိုင်နက်တည်း ဝင်ရောက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများရှိရာ နေရာများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲသည် ၄ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်၊တပ်ရင်း(၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တပ်စိတ် (၁) 5/Fighter group (Monywa)၊ ချင်းတွင်းဒိုင်းနမိုက်ပြည်သူကာကွယ်ရေးအဖွဲ့(Salingyi) ၊ G3 အောင်ကြီး(Salingyi) ၊ Royal Broher Forces၊ ဇာနည်သွေး၊ ပွဲတိုင်းကျော်၊SPDF၊တောဘုရင်ဗိုလ်ယက္ခ၊ချင်းတွင်းကာကွယ်ရေး(CDF)၊Fighter For Fredy ၊ဒေါင်းသမာန်(GZ)၊ Eagle၊ မျိုးဆက်သစ် ၊ C.R.A မုံရွာ ၊အာဏာရှင်တော်လှန်ရေး၊ တောသားကြီး ၊ ဒုန်းမင်း ၊ တပ်ရင်း(၁၇)တပ်ခွဲ(၃) M.Y.F ၊ တပ်ရင်း (၁၇) တပ်ခွဲ (၄) G.N.B.F၊ တပ်ရင်း(၄)တပ်ခွဲ(၂)5/COMMANDO FORCF ၊ MONYWA UNDERGROUND FRCE MUGF ၊ တပ်ရင်း(၂၅)မုံရွာသံမဏိ တပ်ခွဲ ဗိုက်ကလေး၊ ဒေါင်းဖိုက်တာ၊ တပ်ရင်း(၂၃)တပ်ခွဲ(၂)ကျားညီနောင်၊ နောင်ကြီး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။