30 C
Yangon

ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွား

Must read

ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွား

ရန်ကုန်၊ နိုဝင်ဘာ ၂၄

မန္တလေးတိုင်း၊ ဆီမီးခုံမြို့တွင် ရဲ ၃ ဦး ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်ကာ နေအိမ်တွင်းရှိ ပစ္စည်းများကိုလည်း ခိုးယူလုယက်သွားကြောင်း MP-9 အဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဆုံရွာနှင့် ငါန်းဇွန်မြို့နယ် ဘက်မှ တက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသော စစ်ကြောင်းသည် ဆီမီးခုံမြို့ပေါ်ရှိ ရပ်ကွက်များကို ဝင်ရောက် စီးနင်းပြီး ပြည်သူများ ဖမ်းဆီး ရိုက်နှက်၍ နေအိမ်တွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူလုယက်သွားကြောင်း သိရသည်။

“ပြည်သူတွေ သတ်ဖြတ်ခံရတယ်လို့တော့ မကြားမိဘူး။ ဖမ်းဆီးရိုက်နှက်တာတွေတော့ရှိတယ်။ ဆုံရွာနဲ့ ငါန်းဇွန်ဘက်က တက်လာတဲ့ စစ်ခွေးနဲ့ ပျူစောထီး ပူးပေါင်းထားတဲ့ စစ်ကြောင်းတွေ ထော်လာဂျီတွေ သုံးဘီးတွေကို ချောဆွဲပြီးတော့ ပစ္စည်းတွေကို ခိုးယူသယ်ထုတ်သွားတယ်။ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့တော့ မကြားမိဘူး” ဟု MP-9 အဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့က ဆီမီးခုံမြို့ရှိ ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်တွင် သောက်စားမူးရူးနေသော ရဲ ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များများကို ဝင်ရောက် စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပြည်သူပိုင် သုံးဘီးနှင့် ထော်လာဂျီများကို ချောဆွဲပြီး ၎င်းတို့ ပြည်သူများထံမှ ခိုးယူလုယက်ထားသော ပစ္စည်းမျာကို တင်ဆောင်၍ မြို့သာစက်မှုဇုန်ဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article