32 C
Yangon

လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်း၊ လက်ပံတန်း၊ သာယာကုန်းရဲစခန်းကို စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော အိမ်စီးကားနှင့် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ သာယာကုန်းရွာ ရဲစခန်းကို တော်လှန်ရေးများက ဝင်ရောက် တိုက်ခိုက်စဉ် လက်ပံတန်းမြို့မရဲစခန်းမှ စစ်ကူလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး လိုက်ပါလာသော အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်ပံတန်းမြို့မ ရဲစခန်းကို ပြန်လည် မောင်းပြေးသွားကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူများမှ ၁ ဦးသည် ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားသော နေရာကို မှော်ဘီတပ်မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၃ စီး နှင့် ခလရ ၃၅ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း၍ ထပ်မံ စစ်ကူရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ရဲစခန်းကို ဝင်တိုက်နေတဲ့ အချိန် ခွေးစစ်ကူတွေကို ကြားဖြတ် တိုက်ခိုက်တာ ၈ ကောင်သေတယ်။ ရဲစခန်း တိုက်ပွဲမှာတော့ ခွေး ၇ ကောင်သေတယ်။ စုစုပေါင်းတော့ စစ်ခွေး ၁၅ ကောင်သေတယ်။ တိုက်ပွဲက ၃ နာရီလောက်ကြာတယ်။ ခွေးတွေက အင်အား အလုံးအရင်းနဲ့ စစ်ကူလာတော့ ပြန်ဆုတ်လာရတယ်” ဟု သာယာဝတီခရိုင် PDF မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သာယာကုန်းရဲစခန်းသည် ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းများ အဆက်မပြတ် ကျူးလွန်နေသော စခန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် အမှတ် ၂ တပ်ရင်း၏ တပ်ခွဲ ၂ ၊တပ်ခွဲ ၃ ၊ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း (MDF)၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article