24 C
Yangon

မိုင်းကိုင်မြို့နယ်တွင် SSPP/SSA စခန်း ၂ ခုကို RCSS က ဝင်ရောက်ဖျက်ဆီး၊ ကျေးရွာကော်မတီဝင် ၁ ဦးကို ပစ်သတ်ကာ SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး

Must read

မိုင်းကိုင်မြို့နယ်တွင် SSPP/SSA စခန်း ၂ ခုကို RCSS က ဝင်ရောက်ဖျက်ဆီး၊ ကျေးရွာကော်မတီဝင် ၁ ဦးကို ပစ်သတ်ကာ SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာအနီးရှိ SSPP/SSA စခန်း ၂ ခုကို RCSS တပ်ဖွဲ့က စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်စီးနင်းဖျက်ဆီးပြီး ကျေးရွာကော်မတီဝင် ၁ ဦးကို ပစ် သတ်ကာ SSPP/SSA တပ်ဖွဲ့ဝင် ၈ ဦးနှင့် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကြောင်း SSPP/SSA က သတင်းထုတ်ပြန်သည်။

ယနေ့ နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခွဲခန့် မိုင်းကိုင်မြို့နယ်၊ ပန်းပွဲကျေးရွာအနီးရှိ SSPP/SSA တပ်စခန်းငယ် ၂ ခုကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး SSPP/SSA တပ်သား ၄ ဦး ကို ဖမ်းဆီးကာ စခန်းသုံး မော်တော်ဆိုင်ကယ် ၄ စီး ၊ ကားတစ်စီး အပါ အဝင် စခန်းများကို မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။

အခြား RCSS စစ်ကြောင်းကလည်း ပန်ပွဲကျေးရွာမှ ရွာကော်မတီဝင်တစ်ဦး၏ နေ အိမ်ကို လက်နက်ကြီး/ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ကာ နေအိမ်အတွင်းရှိအဖိုးတန် ရွှေငွေ ပစ္စည်းများ မွှေနှောက်ယူ ဆောင်ပြီး အိမ်ရှင်ဖြစ်သူ ဦးကန်ခမ်းအား လူသားမဆန်စွာ ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ပန်ပွဲကျေးရွာအတွင်းရှိ SSPP/SSA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ကျေးရွာနေပြည်သူ ၁ ဦးကိုလည်း ထပ်မံ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည့်အပြင် ပန်ပွဲကျေးရွာအနောက်ဘက်ရှိ ပြည်သူ ဒေါ်ရွှေယိင်း၏ ကုန်စုံဆိုင်ကို RCSS တပ်ဖွဲ့ဝင်များက ဝင်ရောက်မွှေနှောက် ဖျက်ဆီးကြောင်း၊ ဆိုင်အတွင်းရှိ စားသောက် ဖွယ်ရာကုန်ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင် သွားကြောင်း သိရသည်။

ရှမ်းတပ်နှစ်ဖွဲ့ ပေါင်းစည်းနိုင်ရေးအတွက် ရှေးရှုပြီး SSPP/SSA တပ်ဖွဲ့က နှစ်ဖက်တိုက်ပွဲများမဖြစ်ပွား စေရန် ထိန်းသိမ်းခဲ့ခြင်းကို RCSS တပ်ဖွဲ့က အခွင့်ကောင်းအဖြစ် အသုံးချကာ ယခုကဲ့သို့ တပ်စခန်း များ ၊ တပ်ဖွဲ့ဝင်များ နှင့် ဒေသခံပြည်သူများကို တိုက်ခိုက် သတ်ဖြတ် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း SSPP/SSA က ထုတ်ပြန်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြေပြင်သတင်းအခြေအနေ သိရှိရခြင်းမရှိသေးကြောင်း၊ SSPP/SSA ထုတ်ပြန်ထားသည်ကို ဖတ်ရှုရခြင်းမရှိသေးသဖြင့် သတင်းမှားလား၊ မှန်လား သိရှိရခြင်းမရှိ သေးသဖြင့် မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြောနိုင်ခြင်းမရှိသေးကြောင်း RCSS တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

“မြေပြင်သတင်းမသိရသေးဘူးဗျ၊ သူတို့ထုတ်ပြန်တာလည်း ကျနော်မဖတ်ရသေးဘူး။ မြေပြင်သ တင်းသိရမှ ပြောကြားနိုင်မှာ၊ မြေပြင်အခြေအနေ မသိရသေးတော့ မှားလား၊ မှန်လား၊ ဟုတ်လား၊ မဟုတ်လားဆိုတာ ကျနော်လည်း အတိအကျ မသိရသေးတော့ ဘယ်လို လုပ်ဆောင်သွားရမယ်ဆို တာ ပြောလို့ရသေးဘူး။” RCSS တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးခမ်းစံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article