24 C
Yangon

မူဆယ်ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်က ဒီဇင်ဘာလ ၁ ရက်နေ့မှစတင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး စည်းကမ်းကန့်သတ်ချက်များစွာ ထုတ်ပြန်လိုက်၍ နယ်စပ်ကုန်သွယ်ရေး အလုပ်မဖြစ်နိုင်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်များကို တရုတ်က ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး ကန့်သတ်ချက်များစွာ ထုတ်ပြန်လိုက်ကြောင်း မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်များက ပြောဆိုကြသည်။

မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော နန်းတော်၊ ဆင်ဖြူ၊ မန့်ဝိန်း၊ ကျင်စန်းကျော့၊ ပန်ဆိုင်းတို့အနက်မှ ဂိတ်အများစုကို ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်ရာတွင် ကန့်သတ်ချက်များစွာ ထည့်သွင်းထားကြောင်း သိရှိရသည်။

တရုတ်နှင့်စစ်ကောင်စီပူးတွဲ သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက် ၆ ချက်ရှိပြီး ကုန်ပစ္စည်းများ တင်ဆောင်မည့် ကားနှင့် ဆိုင်ကယ်များကိုသက်ဆိုင်ရာ (တရုတ်နှင့်စစ်ကောင်စီ နှစ်ဖက်စလုံး) က သတ်မှတ်ထားသော ခွင့်ပြုမိန့်များ ပါရှိရမည်ဖြစ်ကြောငး်၊ မူဆယ်မြို့နယ်အတွင်း စားသုံးရန်ဖြစ်သော မီးဖိုချောင်သုံးအသီးအနှံများ၊ အသားနှင့်ငါ့းများကိုသာ ခွင့်ပြုကြောင်း၊ အေးခဲသားများ အပါအဝင် အခြားလူသုံးကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောငး်၊ အိမ်စီးကားများ၊ စက်ဘီးနှင့် လက်ျွှန်းလှည်ဖြင့် ကုန်ပစ္စည်းတင်ဆောင်မှု လုံး၀ (လုံး၀) ခွင့်မပြုကြောင်း၊ ဆိုင်ကယ်များဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင်လည်း စားသုံးရန်ဖြစ်သော မီးဖိုချောင်အသီးအနှံများ၊ အသားနှင့်ငါးများကို ခွင့်ပြုမည်ဖြစ်ကြောင်း စသည့် စည်းကမ်းချက်အသစ်များကို တရုတ်နှင့်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“ကျင့်စန်း ကျော့ဂိတ်ကတော့ တစ်နေ့ကတည်းက ပြန်ဖွင့်တယ်။ ဂိတ်တွေအကုန်ပြန်ဖွင့်မှာဖြစ်ပေမယ့် တရုတ်က သူလိုချင်တာ သွင်းဖို့ ခွင့်တာပါပဲ။ ဘယ်လိုမှ အလုပ်လို့မရတော့ဘူး” ဟုမူယ်ဆယ်မြို့ မှ နယ်စပ်ကုန်သွယ်ရေးကုန်သည်တစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ်များက ယခင်ထိန်းချုပ်ထားသော နယ်စပ်မြို့များ အပါအဝင် နယ်စပ်ဒေသတစ်ခုလုံးကို မြောက်ပိုင်းမဟာမိတ်တပ်များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article