ရန်ကုန်၊ နိုဝင်ဘာ ၂၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွေးရွာသစ်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ကိုရင် ၁ ပါးနှင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မတ္တရာမြို့မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ဒရုန်းဖြင့် လိုက်လံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွေးရွာသစ်ကျေးရွာမှ ကိုယ်ရင် ၁ ပါးနှင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်ရှိချိန်ထိ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေသည့် အတွက် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“မတ္တရာမြို့ကနေ စစ်ကောင်စီ တပ်သားတွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ရွေးရွာသစ်ကျေးရွာက ကိုယ်ရင် ၁ ပါးနဲ့ ပြည်သူ ၂ ဦးသေဆုံးမှုရှိတယ်လို့ သိရတယ်။ အခုလက်ရှိအချိန်ထိ ဒရုန်းနဲ့ ဗုံးသီချ တိုက်ခိုက်နေတုန်းပဲ” ဟု မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar