26 C
Yangon

ကရင်နီတွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီးနောက် ဖမ်းဆီးခံရသည့် စစ်မှု ထမ်း အပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာ ပေးရန် ဆွေမျိုးများက မေတ္တာရပ်ခံ၊ တိုက်ပွဲကျသွားပြီဟု မိသားစုထံ စစ်တပ်က အကြောင်းကြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ကရင်နီပြည်တွင် စစ်ကြောင်းတစ်ခုလုံး ချေမှုန်းခံရပြီး ဖမ်းဆီးခံရသည့် စစ်မှု ထမ်းအပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးကို အသက်ချမ်းသာပေးရန် ဆွေမျိုးမိတ်ဆွေများ မေတ္တာရပ်ခံလိုက်သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့က မိုးဗြဲမြို့မှတဆင့် လွိုင်ကော်မြို့သို့ အင်အား ၈၀ ကျော် ဖြင့် ချီတက်လာ သောအကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၆၆ လက် အောက်ခံ ခလရ ၈၀ မှ စစ်ကြောင်းကို မိုးဗြဲမြို့၊ ကုန်းသာကျေးရွာအနီး ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေ မှုန်းခဲ့ရာ အကြမ်း ဖက်စစ် ကြောင်းတစ်ခုလုံး ချေမှုန်းနိုင်ခဲ့ကြောင်း၊ စစ်သား ၄၀ ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၅ ဦး အရှင်ဖမ်းဆီးရရှိခဲ့ကာ လက်နက် ၂၂ လက်ရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ဖမ်းဆီးရရှိသော စစ်သုံ့ပန်း ၅ ဦးအနက်မှ ၁ ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၂ မှ တပ်သားသစ် အောင်ဇော်မိုးဖြစ်ပြီး မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံ ရပ်ကွက်မှ ဖြစ်ကြောင်း သိရှိရသည်။

ကရင်နီတွင် စစ်သုံ့ပန်းအဖြစ် အဖမ်းခံရသော စစ်မှုထမ်းအပတ်စဉ် ၂ သင် တန်း ဆင်း တပ်သားသစ်အောင်ဇော်မိုးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အတင်းအကျပ် ခြိမ်းခြောက်စစ်ထဲ အထည့်ခံရကြောင်း၊ တပ်သားသစ် အောင်ဇော်မိုးသည် အသက် ၂၆ နှစ်အရွယ်ဖြစ်ပြီး စက်ဘီးပြင်ဆိုင်ဖွင့်လှစ်၍ မိသားစုကို လုပ်ကျွေးနေသူဖြစ်ကြောင်း၊ ဝင်ငွေနည်းပါးသော မိသားစုဖြစ်၍ စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရချိန် လိုက် လံ ရွေးထုတ်နိုင်ခြင်းမရှိဘဲ မိဘများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခံရကာ စစ်တပ်ထဲ သို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊ စစ်သုံ့ပန်း တပ်သားအောင်ဇော်မိုးကို အသက်ချမ်းသာပေးရန် သနားညှာတာ ခွင့်လွှတ်ပေးပါရန် သက်ဆိုင်ရာ ဆွေမျိုးများက တောင်းဆိုသည်။

“စစ်မှုထမ်းဖို့ မဲပေါက်ပြီး ဘယ်လိုမှ မရှောင်သာလို့ ပါသွားခဲ့ရတာ။ စစ်မှုထမ်းဖို့မလာရင်မိဘတွေပါဖမ်းမယ်လို့ခြိမ်းခြောက်ပြီးခေါ်သွားခဲ့တာပါ။ ရှေ့တန်းမသွားခင်မှာ အဆက်အသွယ်ပြတ်တောက်သွားတာ တစ်ပတ်လောက်ရှိပါပြီ။ ဒီနေ့မှာတော့ စစ်တပ်က တိုက်ပွဲမှာ ကျသွားပြီလို့ သတင်းပို့လာတာ သတင်းတက်လာမှ အဖမ်းခံရမှန်းသိတာပါ။ မိဘကို လုပ်ကျွေးနေသူပါ။ ပညာအရည် အချင်း ၄တန်းပဲအောင်လို့ စက်ဘီးအပြင်ဆိုင်ဖွင့်ပြီး မိဘ လုပ်ကျွေးနေတာပါ။ အဲဒီမှာ စစ်တပ်ထဲ အတင်းအကျပ် အခေါ်ခံရတာပါ” ဟု သက်ဆိုင်ရာ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။

တပ်သားသစ် အောင်ဇော်မိုး (ခ) စီးဖိန်သည် စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရချိန်က ရပ်ကွက်ရုံးက အတင်းအကျပ် စစ်သားများနှင့်အတူ လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ မည်သည့်ပြင်ဆင်ချိန်မှ မရကြောင်း၊ တပ်အတွင်း တွင်လည်း မည်သို့မှ ရုန်းထွက်မရဘဲ ရှေ့တန်းအထိ ခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း၊ ရှေ့တန်းထွက်မည်ကိုလည်း ကြိုတင် အသိမပေးဘဲ ဖုန်းများကို သိမ်းယူကာ ရှေ့တန်း အတင်းစေလွှတ်ခြင်းဖြစ်ကြောင်း၊ မိဘဆွေမျိုးများကိုလည်း ရှေ့တန်းပါသွားသည်ကို အသိမပေးခဲ့ကြောင်း သက်ဆိုင်ရာဆွေမျိုးများက ပြောဆိုသည်။

တပ်သားသစ်အောင်ဇော်မိုးသည် ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ အင်းမမြို့နယ်အခြေ စိုက် တပ်မ ၆၆ လက်အောက်ခံ ခလရ ၈၀ တပ် ရင်းသို့ ပို့ဆောင်ခံရပြီးနောက် ကရင်နီပြည်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းအဖြစ် ခေါ်ဆောင်ခံရပြီး ၆ လအကြာတွင် ကရင်နီတိုက်ပွဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article