26 C
Yangon

မုံရွာတွင် စစ်ကောင်စီတပ်များက ကုန်ကားများထံမှ တစ်စီးလျှင် ၃ သိန်း ငွေညှစ်ခြိမ်းခြောက်တောင်းယူ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုန်တင်ကားများထံမှ တစ်စီးလျှင် ငွေကျပ် ၃ သိန်း အကြောင်းမဲ့ ခြိမ်းခြောက် တောင်းခံ ငွေညှစ်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့များက မုံရွာမြို့တွင်းသို့ ကင်းလှည့်ရင်းဖြင့် ဖြစ်စေ၊ သွားလာရင်းဖြင့်ဖြစ်စေ ကုန်တင်ကားဂိတ်များနှင့် သွားလာနေသော ကုန်ကားများကို တားဆီး၍ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း၊ ကုန်တင်ကားဂိတ်များသို့ ၀င်ရောက်ပြီး ငွေညှစ်တောင်းခံသည့်အခါ ဂိတ်တွင်တွေ့သမျှ ကားတိုင်းကို ကားအစီးရေအလိုက် တစ်စီးလျှင် ငွေကျပ် ၃ သိန်း စစ်တပ်ထံသို့ ပေးရကြောင်း ကုန်တင်ကားပိုင်ရှင် အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

” အကြောင်းမဲ့တောင်းတာ၊ ဂိတ်ထဲတွေ့ တဲ့ကားအကုန်ပေးရတာပြောတယ်၊ နေ့တိုင်းလာရင် နေ့တိုင်းပေးရတာ၊ မနေ့က ပေးပြီးပြီပြောလည်း မရဘူး၊ဒီနေ့ထပ်လာရင် ထပ်ပေးရတာ”ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

မုံရွာမြို့တွင်းတွင် စစ်တပ်က အိမ်းစီးကားများဖြင့် ကင်းလှည့်သည့်အပြင် လမ်းများတွင် ဂိတ်ချ၍ ကုန်ကားများကို ဖမ်းဆီး ငွေညှစ်မှုများလည်း လုပ်ဆောင်နေကြောင်း ၊ အထူးဖြင့် ရွှေဘို၊ အရာတော်ဘက်မှ လာသည့်ကုန်တင်ကားများကို ထိုသို့ ငွေညှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အများအားဖြင့် အာဇာနည်လမ်းက စောင့်ဖမ်းတာများတယ်၊နေ့တိုင်းလိုလိုရှိတယ်၊ ရွှေဘိုတို့၊ အရာတော်တို့ဘက်က လာတဲ့ကားတွေ စောင့်တောင်းတာ”လို့ မုံရွာမြို့ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ယင်းကဲ့သို့ ကုန်တင်ကားများကို ငွေညှစ်တောင်းခံနေခြင်းများမှာ ကုန်ပစ္စည်းများကို ရှာဖွေဖမ်းဆီးခြင်းမဟုတ်သကဲ့သို့ လုံခြုံရေးအရလည်း ရှာဖွေခြင်းမဟုတ်ကြောင်း၊ အကြောင်းမဲ့သက်သက် အနိုင်ကျင့် ငွေရှာနေခြင်းဖြစ်ကြောင်း ဒေသပြည်သူများက သုံးသပ်ပြောဆိုကြသည်။

ဓာတ်ပုံ – ခရီးသည်တင်ကားများနှင့်ကုန်ကားများထံမှ ငွေခြိမ်းခြောက်တောင်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article