ဒီကနေ့ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဟာ အာရက္ခတပ်တော် AA တပ်ဖွဲ့တွေဆီမှာ အလံဖြူထောင်လက်နက်ချလာခဲ့ကြတယ်လို့ ရခိုင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက သူတို့ လက်လွှတ်လိုက်ရတဲ့ မတ္တရာ နဲ့ သပိတ်ကျင်းမြို့နယ်တွေကို စစ်မှုထမ်းတပ်သားသစ်တွေပါ အသုံပြုပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမယ့် လက်ရှိအချိန် အထိ မတ္တရာ နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ မန္တလေး PDF က အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ မန္တလေး PDF တပ်ဖွဲ့က နိုဝင်ဘာလ ၂၇ ရက်နေ့ဖြစ်တဲ့ မနေ့ကပဲ တရားဝင် သတင်းထုတ်ပြန် လိုက်ပါတယ်။
- မွန်ပြည်နယ်က မုဒုံ-သံဖြူဇရပ်လမ်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေးဂိတ်နဲ့ အမြောက်တပ် ၃၁၈ ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် အရာရှိ ၂ ဦးအပါအဝင် ၈ ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar