33 C
Yangon

ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် တရားရုံး ဖမ်းမိန့် ၀ရမ်းထုတ်မှုအပေါ် အစ္စရေးက အယူခံဝင်မည်

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

နိုင်ငံတကာရာဇဝတ်ခုံရုံး ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Yoav Gallant တို့ကို ဖမ်းဆီးရန် ဖမ်းမိန့် ၀ရမ်းထုတ်ထားမှုကို အစ္စရေးက အယူခံဝင်မည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ယမန်နေ့ သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ ICC ခုံရုံးက ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်မှုများအတွက် အစ္စရေးဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဟောင်းနှင့် ဟားမတ်ခေါင်းဆောင်တို့ကို ဖမ်း၀ရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

မူလက ICC အဖွဲ့ဝင် နိုင်ငံ မဟုတ်သော ကြောင့် အစ္စရေးက ICC တရားရုံး၏ တရားစီရင်ပိုင်ခွင့်ကို ငြင်းပယ်ခဲ့ပြီး ဂါဇာတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဆိုသော စွဲချက်အပေါ် ငြင်းဆိုခဲ့သည်။

သို့ရာတွင် ယမန်နေ့ အစ္စရေးက ICC တရားရုံးတွင် အယူခံလွှာ တင်ပြမည်ကြေညာခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းအပေါ် ဖမ်းဆီးရန် ဖမ်းမိန့် ၀ရမ်းကို အကောင်အထည်ဖော်မှု ဆိုင်းငံ့ထားရန် အယူခံဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article