24 C
Yangon

ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာ ၅ ထက်မနည်းကို စစ်တပ်က တစ်ရက်တည်း ရွာစဉ်လှည့်လည် စစ်ကြောင်းထိုး မီးရှီု့ဖျက်ဆီး

Must read

ရန်ကုန် ၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ပွင့်ဖြူနှင့် စေတုတ္တရာမြို့နယ်အစပ်ရှိ ကျေးရွာ ၅ ထက်မနည်းကို စစ်ကောင်စီတပ်က တစ်ရက်တည်း ရွာစဉ်လှည့်လည်၍ စစ်ကြောင်းထိုး မီးရှီု့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်တပ်က နိုဝင်ဘာလ ၂၈ ရက်နေ့ ယမန်နေ့ တစ်ရက်တည်း ပွင့်ဖြူနှင့် စေတုတ္တရာအစပ်ရှိ ကျောက်ပုံ၊ ခဲပစ်၊ ညောင်တုန်း၊ လယ်မနှင့် ကျွဲခြံကျေးရွာများကို ရွာစဉ်လှည့် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယမန်နေ့ တစ်ရက်လုံး ကျေးရွာများမှ နေအိမများကို ရည်ရွယ်ချက်ရှိရှိဖြင့် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

” ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာ အစပ် ကျွဲခြံရွာ၊ လယ်မရွာတွေကို မီးရှို့တာပါ စစ်တပ်က။ မနေ့ မနက်ကတည်းက ထိုးစစ် ဆင်ပြီး မီးရှို့တာမှာ ကျောက်ပုံ၊ ခဲပစ်၊ ညောင်တုန်း၊ လယ်မ၊ ကျွဲခြံ ရွာ ၅ ရွာကို မီးရှီု့တယ်။ စစ်ကြောင်းထိုးတဲ့စစ်တပ်က ပွင့်ဖြူက ဝါတပ်နဲ့ အခြားတပ်တွေ စုပေါင်းပြီး ထိုးစစ်ဆင်တာ။ လယ်မရွာ၊ ကျွဲခြံရွာဘက်ကို မနေ့မွန်းလွဲ ၁ နာရီလောက်က မီးရှို့တာ မနေ့ ညနေ ၆ နာရီအထိ မီးမငြိမ်းဘူး။ ရွာခံတွေ ရွာထဲ မဝင်ရဲသေးလို့ အပျက်အစီးအတိအကျ မသိရသေးဘူး။ လယ်မရွာတော့ တစ်ရွာလုံးနီးပါး လောင်နေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီက ကျွဲခြံနှင့် လယ်မကျေးရွာများကို ရဟတ်ယာဉ်ဖြင့် ဗုံးကျဲပစ်ခဲ့ဖူးကြောင်း၊ ယမန်နေ့ စစ်တပ်က စစ်ကြောင်းထိုးနေစဉ် ပျူစောထီးတပ်စခန်းဖြစ်သော ဆင်လူကျေးရွာမှ လက်နက်ကြီးများဖြင့် စစ်တပ်ကို ပစ်ကူ ပေးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ခဲ့သော စစ်ကြောင်းမှာ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်မှ တပ်များနှင့် ပျူစောထီးများ ပါဝင်ပြီး စစ်ကား ၄ စီးဖြင့် လှည့်လည်သွားလာ၍ ကျေးရွာများကို ဖျက်ဆီး လုယက် မီးရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article