25 C
Yangon

မင်းဘူး၊ ရွှေစက်တော် ဘုရားအဝင် ၃ မိုင်ဂိတ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

မင်းဘူး၊ ရွှေစက်တော် ဘုရားအဝင် ၃ မိုင်ဂိတ်တွင် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော် ဘုရားအဝင် ၃ မိုင်ဂိတ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်-မုံရွာလမ်းပိုင်းရှိ ရွှေစက်တော်ဘုရားအဝင် ၃ မိုင်ဂိတ်အနီးတွင် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ကူ အများအပြား အသုံးပြု တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ရွှေစက်တော်ဘုရားအတွင်း ပြည်သူများကို အကာအကွယ်ယူကာ စစ်ရေး ပြင်ဆင်ခြင်းနှင့် ခရီးသွား ပြည်သူလူထံမှ ငွေကြေးများ၊ အဖိုးတန်ပစ္စည်းများ လုယက်ယူဆောင်နေခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်တာတော့မရှိပါဘူး။ ခွေးစစ်ကြောင်းကို ကျွန်တော်တို့ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး အနည်းဆုံး ၁၀ ကောင်လောက်သေတယ်” ဟု မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

မင်းဘူးမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်သားများ၊ရဲစခန်းများနှင့် ဝေးရာတွင် နေထိုင်ကြရန်နှင့် အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်း၊ မင်းဘူးခရိုင်၊ အမှတ် (၈) တပ်ရင်းနှင့် မင်းဘူးခရိုင် ပကဖ ဒရုန်းလက်ရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article