ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် တော်လှန်ရေး “ဖြတ်” ရုပ်ရှင်ပြသပွဲသို့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနှင့် မော်ဒယ် သရုပ်ဆောင် ထားထက်ထက်တို့ တက်ရောက်ပြီး တော်လှန်ရေးရန်ပုံငွေ ရှာဖွေပေး၊ ရရှိသော ရန်ပုံငွေအားလုံး နွေဦးတော်လှန်ရေးသို့ ၁၀၀ ရာခိုင်နှုန်းပြန်လည်လှူဒါန်းမည်
ရန်ကုန်၊ ဒီဇင်ဘာ ၁
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် တော်လှန်ရေး “ဖြတ်” ရုပ်ရှင်ပြသပွဲသို့ ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်းနှင့် မော်ဒယ် ထားထက်ထက်တို့ တက်ရောက်ပြီး အမှတ်တရပစ္စည်းများ လေလံတင်ခြင်း၊ အမှတ်တရ စကားပြောကြားခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေ ရှာဖွေခြင်းများ ပြုလုပ်ပေးကြသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ “ဖြတ်”ရုပ်ရှင်ကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြသခဲ့ပြီး ကိုမင်းမော်ကွန်းက သူ့ချစ်ပရိတ်သတ်များနှင့် လာရောက်တွေ့ဆုံခဲ့ကာ ရရှိသော ရန်ပုံငွေအားလုံးကို နွေဦးတော်လှန်ရေးအတွက် ၁၀၀ ရာခိုင်နှုန်း ပြန်လည် လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။