18 C
Yangon

ညောင်လေးပင်၊ ရွှေကျင်နှင့်ဖာပွန်တို့တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

Must read

ညောင်လေးပင်၊ ရွှေကျင်နှင့်ဖာပွန်တို့တွင် နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်သား ၃၀ ဦး ထက်မနည်း ထိခိုက်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တို့တွင် နိုဝင် ဘာလ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Spring Warriors Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖာပွန်ခရိုင်၊ တပ်ရင်း – ၁ (P27001) – Spring Warriors Column စစ်သည်ရဲဘော်တို့များအနေဖြင့် မဟာမိတ်တပ်ဖွဲ့များနှင့်ပူးပေါင်းကာ မြေပြင်စစ်ဆင်ရေး ၂ နေရာနှင့် Drone စစ်ဆင်ရေး ၁ နေရာ စုစုပေါင်း စစ်ဆင်ရေးနေရာ ၃ ခု ဖော်ဆောင်ခဲ့ရာ မြေပြင် တိုက်ပွဲ ၁၁ ကြိမ်နှင့် Drone စစ်ရေး ၈ ကြိမ် ရှိခဲ့ကြောင်း ၊ယင်းတိုက်ပွဲများအတွင်း Spring Warriors Column အနေဖြင့် ဒရုန်း ဗုံးသီး အလုံး ၃၀ ကျော်အသုံးပြု တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ညောင်လေးပင်၊ ရွှေကျင်၊ ဖာပွန်တို့ဘက်တွေမှာ ရှိပါတယ်။ ခွေးစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရတာ မျိုးတော့မရှိခဲ့ဘူး။ ခုခံစစ်ရော၊ ထိုးစစ်ရော၊ ဒရုန်းနဲ့ချတာရော လုပ်ဆောင်ခဲ့တာပါ။ သေဆုံးထိခိုက် မှုက ၃၀ ကျော် ၄၀ လောက်ရှိတယ်။ မဟာမိတ်ပူးပေါင်းအဖွဲ့တွေလည်းပါပါတယ်” ဟု Spring Warriors Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၃၀ နှင့် ၄၀ ကြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး Spring Warriors Column တပ်ရင်းမှ ရဲဘော် ၄ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ဆင်ရေး လုံခြုံမှုရှိ‌စေရန်အတွက် စစ်မြေပြင်နေရာများကို တိုက်ပွဲနေရာများကို မဖော်ပြနိုင်ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article