19 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်း ထုတ်ဖို့ လျှောက်ထားမှုအပေါ် နိုင်ငံတာအဖွဲ့အစည်း အသီးသီးက ထောက်ခံကြိုဆိုနေသလို ၊ ပြည်တွင်းက မန္တလေးအာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုနဲ့ မြန်မာနိုင်ငံရှေ့နေများကောင်စီကလည်း ထောက်ခံ ကြိုဆိုပြီး ဖမ်း၀ရမ်းကို အမြန်ဆုံး ထုတ်ပေးဖို့ကိုပါ တောင်းဆိုလိုက်ကြပါတယ်။

ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်း ၄ ခုကို ချင်းတော်လှန်ရေး တပ်တွေက ထပ်မံ သိမ်းပိုက်လိုက်ပြီး လက်နက်ကြီးငယ် ၅၇ လက်ကိုပါ သိမ်းဆည်းရရှိထားရပြီး ၊ စစ်ကောင်စီဘက်က တပ်ရင်းမှုး ၃ ဦးအပါအဝင် သေတဲ့သူတွေ တော်တော်ကို များထားတဲ့အပြင် ၊ စစ်ကောင်စီတပ်သား ၁၉ ဦးကို အရှင်ဖမ်းဆီးရမိထားတယ်လို့ CNA သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်းက ထီးလင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီ တပ်သား ၂၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ လက်နက်ခဲယမ်းတွေနဲ့ နောက်ထပ် စစ်သား ၁ ဦးကိုပါ အရှင်ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article