27 C
Yangon

မြိုင်နှင့် မြင်းမူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

မြိုင်နှင့် မြင်းမူတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်မှုရှိပေမယ့် သေဆုံးမှု အရေအတွက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ တော်လှန်ရေး တပ်ဖွဲ့ဝင်တော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို URBAN UNDERGROUND REVOOLUTION FORCE ၊ ရွှေညာမြေ ၊ ဒေါင်းစစ်သည် ၊ နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ် စစ်ကြောင်း (၁)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ၊ ပခုက္ကူ ခရိုင်တပ်ရင်း(၂)၊ အညာမြေပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ရွှေတောင်ဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force – MMU အဖွဲ့က ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့ မြောက်ဘက်‌ရှိ ရွှေတောင်ဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ငွေကျပ် သိန်း၃၅၀ တန်ဖိုးရှိ ဒရုန်း ၁ စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖ မှ ဦးဆောင်ပြီး၊ မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့၊ BlackEagleDefenceForce(MMU)၊ ဗိုလ်မင်းရောင်တပ်ဖွဲ့၊ မြင်းမူမြို့အမှတ်(၃)ရပ်ကွက်ပကဖ(DK)အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article