28 C
Yangon

ကြို့ပင်ကောက်မြို့တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် မြို့မတောင် ရပ်ကွက် အုပ်ချူပ်ရေးမှူး ခင်မောင်ဝင်းနှင့် ရာအိမ်မှူး အောင်ထွန်းတို့ ကြို့ပင်ကောက်မြို့ ရုံးလမ်းထောင့် ဆိုင်ကယ်ကယ်ရီဂိတ် အနီးတွင် စကားထိုင်ပြောနေစဉ် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers GBK PDF မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း ရာအိမ်မှူး အောင်ထွန်းသည် ဦးခေါင်းကျည် ၂ ချက် ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့သော်လည်း အုပ်ချူပ်ရေးမှူး ခင်မောင်ဝင်းသည် ထွက်ပြေး လွှတ်မြောက်သွားကြောင်း သိရှိရသည်။

သေဆုံးသွားသော ရာအိမ်မှူး အောင်ထွန်းသည် အကြမ်းဖက် စစ်တပ် မှ ဗိုလ်မှူးများကို အခကြေးငွေပေး၍ ပေါင်းသင်းပြီး ဘီယာဆိုင်ဖွင့်လှစ်ထားပြီး ကုန်းမြင့် ပျူစောထီး နေဇာလင်း နှင့် အုပ်ချူပ်ရေးမှူး ခင်မောင်ဝင်း တို့ကို ငွေကြေးထောက်ပံ့ကာ ကြိုးကိုင်ထားသူလည်းဖြစ်ကြောင်း၊ ထို့ပြင် ပွဲရုံများတွင် အလုပ်ဆင်းပြီး လုပ်ကိုင် စားသောက်နေရသည့် ပြည်သူများကိုလည်း ငွေကြေးတောင်းခံခြင်း၊ အကြမ်းဖက် စစ်တပ်အတွက် တပ်သားသစ် စုဆောင်းပေးခြင်းများလည်း လုပ်ဆောင်ပေးခြင်း၊ လူငယ်များကိုလည်း စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“မြို့မတောင်ရပ်ကွက် အုပ်ကြီး ခင်မောင်ဝင်းနဲ့ ရာအိမ်မှူး အောင်ထွန်းတို့ ကယ်ရီထိပ်မှာ ထိုင်စကားပြောနေတာကို ဝင်ပစ်တာ အောင်ထွန်း ခေါင်းကို ကျည် ၂ ချက်မှန်ပြီး နေရာတင်သေသွားတယ်။ အုပ်ကြီးကတော့ ထွက်ပြေးတာမြန်သွားလို့လွတ်သွားတယ်။ ရာအိမ်မှူး အောင်ထွန်းက ပျူအဖွဲ့နဲ့ အုပ်ကြီးကို ငွေကြေးထောက်ပံ့ပြီး ကြိုးကိုင်နေတာ မြို့ပေါ်ကလူငယ်တွေ ရာအိမ်မှူး အောင်ထွန်းကြောင့် စခတပ်ထဲရောက်သွားတာမနည်းဘူး။ အုပ်ချူပ်ရေးမှူးတော့ အခွင့်မသာလို့မရှင်းလိုက်ရဘူး။ စစ်ကောင်စီ ရဲ့အမာခံထောက်တိုင် နှစ်ဦးအနက် တစ်ဦးသာရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ပြောဆိုသည်။

Photo – တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် ရာအိမ်မှူး အောင်ထွန်း

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေး တပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အကြမ်းဖက် စစ်တပ် အတွက် တပ်သားသစ် စုဆောင်းပေးနေသည့် ရာအိမ်မှူး အောင်ထွန်း
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article