28 C
Yangon

ဘန်ကောက်မြို့ စမွန်ပကန်ခရိုင်ရှိ ကားပစွည်း ထုတ်လုပ်ရေးစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်ထံမှ စာအုပ်သက်တမ်းတိုးရန်ဟုဆိုကာ တစ်ဦးလျှင် ဘတ် ၁၃၀၀၀ အထိ မတရားတောင်းခံနေ၍ အလုပ်သမားများ ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ စမွန်ပကန်ခရိုင်ရှိ ကားပစွည်း ထုတ်လုပ်ရေးစက်ရုံတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်ထံမှ စာအုပ်သက်တမ်းတိုးရန်ဟုဆိုကာ တစ်ဦးလျှင် ဘတ် ၁၃၀၀၀ အထိ မတရားတောင်းခံနေ၍ ဆန္ဒပြခဲ့ကြောင်း အလုပ်သမားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဘန်ကောက်မြို့၊ စမွန်ပကန်ခရိုင် စွယ်ပီတာအနီးရှိ CH AUTO PART Co. Ltd ကားပစွည်းထုတ်လုပ်ရေးရုံတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၄၀၀ ကျော်ထံမှ စာအုပ်သက်တမ်းတိုးရန် ဘတ် ၁၃၀၀၀ အထိ မတရားကောက်ခံနေ၍ မြန်မာအလုပ်သမားများက ဆန္ဒပြခဲ့ကြောင်း၊ အဆိုပါ စာအုပ်သက်တမ်းတိုး ကုန်ကျစရိတ်သည် ဘတ် ၈၅၀၀ ဝန်းကျင်သာ ကုန်ကျပြီး ဘတ် ၁၃၀၀၀ အထိ တောင်းခံနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

“သူတို့ကတော့ တောင်းတဲ့စျေး မပေးရင် အလုပ်ထုတ်မယ်လို့ခြိမ်းခြောက်ပါတယ်။ မြန်မာအလုပ်သမားခေါင်းဆောင်ရယ် ထိုင်းရယ်ပေါင်းပြီး ဖြတ်စားဖို့လုပ်တာ တကယ့်ကုမ္ပဏီက မသိဘူး အောက်ခြေက ဖြတ်စားဖို့ လုပ်နေတာ မြန်မာဘက်က ဖြတ်စားဖို့ လုပ်နေတာက ချစ်ကိုလတ်၊ အဝမ် နဲ့ ထိုင်းလူမျိုးက နာမည်မသိဘူး”ဟု ဆန္ဒပြ ရာတွင် ပါဝင်သည့် မြန်မာလုပ်သား တစ်ဦးက ပြောဆိုသည်။

လတ်တလောတွင် ညှိနှိုင်းခြင်း လုပ်ဆောင်ရန် ပြောဆိုထားသော်လည်း ဆက်လက်၍ မတရားကောက်ခံကာ ခြိမ်းခြောက်နေပါက ဆက်လက် ဆန္ဒပြသွားမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article