23 C
Yangon

မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ရဲခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် – လှော်ကား တာဆုံအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်းဌာနချုပ် အဝင်ဂိတ်ကို Rangoon Urban Column (RUC) စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေး မြေပြင် အခြေအနေများကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ထောက်ကြန့်နဲ့ လှော်ကား တာဆုံအနီးမှာရှိတဲ့ အမှတ် ၁ဝ၆ ခြေမြန်တပ်ရင်း ဌာနချုပ် အဝင်ဂိတ်ကို ၇၉ မမ ဗုံး ပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စစ်ခွေး အဝင်ဂိတ်ထဲမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သားတွေ ထိခိုက်မှုရှိတယ်လို့ မြေပြင်တန်ပြန် ထောက်လှမ်းရေးအဖွဲ့ဆီက တစ်ဆင့်သိရှိရပါတယ်” Rangoon Urban Column (RUC) စစ်ကြောင်း တာဝန်ခံ ရဲခေါင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article